Connect with us

China

ကမ္ဘာ့စားပွဲတင်တင်းနစ် အသင်းလိုက်ပြိုင်ပွဲ (အမျိုးသား) တွင် တရုတ်အသင်းက ဂျပန်အသင်းကို အနိုင်ယူကာ ၁၂ ကြိမ်ဆက်တိုက် ချန်ပီယံဆုရရှိ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၆ ခုနှစ် မေ ၁၀ ရက်က တရုတ်အသင်းနှင့် ဂျပန်အသင်းတို့ ယှဉ်ပြိုင်ခဲ့သည့် ITTF ကမ္ဘာ့စားပွဲတင်တင်းနစ် ချန်ပီယံရှစ် အသင်းလိုက်ပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲအပြီး ဆုပေးပွဲအခမ်းအနား၌ ရွှေတံဆိပ်ဆုရ တရုတ်အသင်းသားများ ဆုဖလားကိုင်မြှောက်ကာ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

လန်ဒန်၊ မေ ၁၁ ရက် (ဆင်ဟွာ)
မေ ၁၀ ရက်က ယှဉ်ပြိုင်ခဲ့သည့် ကမ္ဘာ့စားပွဲတင်တင်းနစ် ချန်ပီယံရှစ် အသင်းလိုက်ပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲတွင် တရုတ်အသင်းက လျန်ကျင့်ခွန်း၏ နောက်ထပ် အံ့အားသင့်ဖွယ် comeback နိုင်ပွဲနှင့်အတူ ဂျပန်အသင်းကို ၃ ပွဲပြတ် အနိုင်ရရှိကာ ချန်ပီယံဆုကို ၁၂ ကြိမ်ဆက်တိုက် စံချိန်တင်ဆွတ်ခူးနိုင်ခဲ့သည်။
လျန်မှာ ဆီမီးဖိုင်နယ်ပွဲစဉ်၌ ပြင်သစ်အသင်းမှ အလက်ဆစ် လီဘရန်းကို နှစ်ပွဲရှုံးနိမ့်နေရာမှ နောက်မှလိုက်ကစားကာ အနိုင်ယူခဲ့ပြီး တစ်ရက်အကြာတွင် ဂျပန်အသင်း၏ ထိပ်တန်းကစားသမား တိုမိုခါဇု ဟာရိမိုတိုကို အလားတူပုံစံအတိုင်း ထပ်မံအနိုင်ယူခဲ့သည်။
ဟာရိမိုတိုက အမြန်နှုန်း၊ အင်ပြည့်အားပြည့် ကစားဟန်တို့ဖြင့် မရပ်မနားဖိအားပေးခဲ့သဖြင့် လျန်မှာ ပွဲချိန်အစောပိုင်းတွင် ရုန်းကန်ခဲ့ရပြီး အဖွင့်ပွဲစဉ်နှစ်ပွဲ၌ ၁၁-၈၊ ၁၁-၄ ဖြင့် အရေးနိမ့်ခဲ့သည်။ သို့သော် လျန်က တဖြည်းဖြည်း ပုံမှန်လက်စွမ်းပြန်ရလာပြီးနောက် ရဲရဲတင်းတင်း တိုက်စစ်ဖွင့်ကစားကာ ပွဲအနေအထားကို ပြောင်းပြန်လှန်နိုင်ခဲ့ပြီး နောက်ထပ်နှစ်ပွဲတွင် ၁၁-၉၊ ၁၃-၁၁ ဖြင့် အနိုင်ရခဲ့သည်။
အဆုံးအဖြတ်ပွဲ၌ ဟာရိမိုတိုက ၈-၃ မှတ်ဖြင့် ဦးဆောင်ထားနိုင်ခဲ့ပြီး အနိုင်ရရှိရန် အခြေအနေကောင်းနေသော်လည်း လျန်က နောက်ပိုင်းတွင် ဆက်တိုက်အမှတ်ယူနိုင်ခဲ့သည်။ လျန်မှာ အမှတ်ရပြီးတိုင်းတွင် အားပါးတရ အောင်ပွဲခံခဲ့ပြီး ၈ မှတ်ဆက်တိုက် ရယူကာ ၁၁-၈ မှတ်ဖြင့် အနိုင်ရပြီးနောက် အားကစားရုံအတွင်း အောင်ပွဲခံမှုများ ထွက်ပေါ်လာခဲ့သည်။
“မနေ့ကနေ ဒီနေ့အထိ ကိုယ့်ကိုယ်ကိုယ် အသစ်တစ်ဖန် မွေးဖွားလာသလိုမျိုး ခံစားမိတယ်” ဟု လျန်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။ “ကမ္ဘာ့ချန်ပီယံရှစ် အသင်းလိုက်ပြိုင်ပွဲမျိုးမှာ နှစ်ပွဲအရှုံးကနေ အနိုင်ရအောင် ပြန်ကစားနိုင်ခဲ့တာက ကျွန်တော့်အတွက် အများကြီးအရေးပါပါတယ်။ ဘယ်တော့မှ လက်လျှော့အရှုံးမပေးတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ကမ္ဘာ့အဆင့်-၁ ကစားသမား ဝမ်ချူချင်းကလည်း ဂျပန်အသင်း၏ တက်သစ်စ ပါရမီရှင်ကစားသမား ဆိုရ မာဆုရှိမကို လေးပွဲကစားကာ အနိုင်ယူကျော်ဖြတ်နိုင်ခဲ့သည်။ ဝမ်မှာ အဖွင့်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း တည်တည်ငြိမ်ငြိမ်ဖြင့် သုံးပွဲဆက်တိုက် အနိုင်ပြန်ယူကာ တရုတ်အသင်းကို ချန်ပီယံဆုနှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိစေခဲ့သည်။
“လျန်ရဲ့နိုင်ပွဲက ကျွန်တော်တို့အားလုံးကို ယုံကြည်မှုရစေခဲ့တယ်လို့ ထင်ပါတယ်။ ပထမပွဲမှာ ရှုံးနိမ့်ခဲ့တာတောင် အသင်းလိုက်စိတ်ဓာတ်ကြောင့် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့တယ်” ဟု ဝမ်က ပြောသည်။
လျင်ရှီးတုန့်ကလည်း တတိယပွဲတွင် ရွှန်းဆုကဲ တိုဂမိကို လေးပွဲကစားကာ အနိုင်ရခဲ့ပြီး တရုတ်အသင်းအတွက် အောင်ပွဲရယူပေးခဲ့သည်။ အဆိုပါလူငယ်ကစားသမားက ပွဲသိမ်းရမှတ် ရယူနိုင်ခဲ့ပြီးနောက် အားပါးတရ အောင်ပွဲခံခဲ့ကာ အသင်းဖော်များကလည်း ကွင်းထဲသို့ အပြေးအလွှားဝင်ရောက်ကာ အောင်ပွဲခံခဲ့ကြသည်။
ဆီမီးဖိုင်နယ်တွင် ပြင်သစ်ကစားသမားကို အရေးနိမ့်ခဲ့ပြီးနောက် နည်းပြများနှင့် အသင်းတာဝန်ရှိသူများက ၎င်းကို ဝိုင်းဝန်းအားပေးခဲ့ကြပြီး ဗိုလ်လုပွဲတွင်လည်း ၎င်းအပေါ် ယုံကြည်ခဲ့ကြသည်ဟု လျင်က ဖွင့်ဟပြောဆိုခဲ့သည်။
တရုတ်အသင်းမှာ ၂၀၀၁ ခုနှစ်မှစ၍ အမျိုးသား အသင်းလိုက်ကမ္ဘာ့ချန်ပီယံဆုအားလုံးကို ရယူနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၆ ခုနှစ် မေ ၁၀ ရက်က တရုတ်အသင်းနှင့် ဂျပန်အသင်းတို့ ယှဉ်ပြိုင်ခဲ့သည့် ITTF ကမ္ဘာ့စားပွဲတင်တင်းနစ် ချန်ပီယံရှစ် အသင်းလိုက်ပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲ တစ်ဦးချင်းပွဲစဉ်အဖြစ် ဂျပန်အသင်းမှ ရွှန်းဆုကဲ တိုဂမိကို အနိုင်ရပြီးနောက် တရုတ်အသင်းမှ လျင်ရှီးတုန့် (ဝဲ-ဒုတိယ) အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၆ ခုနှစ် မေ ၁၀ ရက်က တရုတ်အသင်းနှင့် ဂျပန်အသင်းတို့ ယှဉ်ပြိုင်ခဲ့သည့် ITTF ကမ္ဘာ့စားပွဲတင်တင်းနစ် ချန်ပီယံရှစ် အသင်းလိုက်ပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲအပြီး ဆုပေးပွဲအခမ်းအနား၌ တရုတ်အသင်းမှ ကစားသမားများဖြစ်သည့် လျန်ကျင့်ခွန်း၊ လျင်ရှီးတုန့်၊ ဝမ်ချူချင်း၊ နည်းပြဖြစ်သူ ဝမ်ဟောက်နှင့် ကစားသမားဖြစ်သူ ကျိုးချီဟောင်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

……………..
(English Version)
China beats Japan to claim 12th straight men’s title at table tennis team worlds
LONDON, May 10 (Xinhua) — China secured a record-extending 12th consecutive men’s team title at the World Table Tennis Championships on Sunday with a 3-0 victory over Japan behind another stunning comeback from Liang Jingkun.
Just one day after rallying from two games down against France’s Alexis Lebrun in the semifinals, Liang repeated the feat against Japan’s top player Tomokazu Harimoto.
Liang struggled early on, dropping the opening two games 11-8 and 11-4 as Harimoto dictated play with relentless pace and aggression. But the Chinese player gradually found his rhythm and turned the match around with fearless attacking play, taking the next two games 11-9 and 13-11.
Harimoto appeared on course for victory after building an 8-3 lead in the deciding game, only for Liang to produce a late surge. Roaring after every winner, Liang reeled off eight consecutive points to complete an 11-8 victory and ignite celebrations inside the arena.
“From yesterday to today, I feel like I’ve been reborn,” Liang said afterward. “To come back from 2-0 down in two matches at a team world championships means a lot to me. I’m proud that I never gave up.”
World No. 1 Wang Chuqin then overcame rising Japanese talent Sora Matsushima in four games. After losing the opener, Wang steadied himself to win three straight games and put China within one point of the title.
“I think Liang’s victory gave all of us confidence,” Wang said. “Even after losing the first game, I stayed calm because the team spirit was already there.”
Lin Shidong sealed China’s victory after defeating Shunsuke Togami in four games in the third rubber. The young Chinese player celebrated wildly after securing the winning point, leaping onto the table as teammates rushed onto the court.
Lin revealed that coaches and team officials had encouraged him following his semifinal defeat against France and continued to trust him in the final.
China has won all men’s team world titles since 2001.
English Caption 1
Gold medalist team China holds up the trophy during the awarding ceremony of the men’s teams final match between China and Japan at the ITTF World Team Table Tennis Championships Finals in London, Britain, on May 10, 2026. (Xinhua/Lian Yi)
English Caption 2
Lin Shidong (2nd L) of China celebrates winning the singles match against Togami Shunsuke of Japan after the men’s teams final match between China and Japan at the ITTF World Team Table Tennis Championships Finals in London, Britain, on May 10, 2026. (Xinhua/Lian Yi)
English Caption 3
(L-R)China’s men’s team player Liang Jingkun, Lin Shidong, Wang Chuqin, coach Wang Hao and player Zhou Qihao react during the awarding ceremony of the men’s teams final match between China and Japan at the ITTF World Team Table Tennis Championships Finals in London, Britain, on May 10, 2026. (Xinhua/Li Ying)