China
ချုံချင့်မြို့တွင် ရုပ်ရှင်ရုံဟောင်းမှ ရပ်ကွက်အတွင်း ယဉ်ကျေးမှုနေရာအဖြစ် ပြောင်းလဲ၊ စားသုံးမှုကဏ္ဍအတွက် တက်ကြွလှုပ်ရှားမှုအသစ် လှုံ့ဆော်ပေး
ချုံချင့်၊ မေ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ချုံချင့်မြို့ လျန်ကျန်းခရိုင်သစ် တာ့စီပါ့ရပ်ကွက်တွင် ဒေသခံပြည်သူများ၏ ခေတ်တစ်ခေတ်အမှတ်တရများကို ဆောင်ကြဉ်းထားသည့် အဆောက်အအုံဟောင်းတစ်ခုဖြစ်သော ယခင်က ကျန်းလျင်စက်ရုံ ရုပ်ရှင်ရုံသည် ယခုအခါ ဧရိယာ ၂,၀၀၀ စတုရန်းမီတာခန့် ကျယ်ဝန်းသည့် ကျန်းလျင်လက်ဖက်ရည်ဆိုင်အဖြစ် အသွင်ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ၁၉၅၀ ပြည့်လွန်နှစ်များတွင် တည်ဆောက်ခဲ့သည့် ဤအလုပ်သမားရုပ်ရှင်ရုံကို ပြန်လည်ပြုပြင်မွမ်းမံပြီးနောက် စားသောက်ဆိုင်၊ အပန်းဖြေနားနေမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ တီထွင်ဖန်တီးမှုများ ပေါင်းစပ်ထားသည့် ရပ်ကွက်အတွင်းနေရာ တစ်ခု ဖြစ်လာခဲ့ရာ မြို့ခံများနှင့် ခရီးသွားဧည့်သည်များအကြား ရေပန်းစားလာခဲ့သည်။
သမိုင်းဝင် ယဉ်ကျေးမှု နာမည်ကျော်မြို့၊ ရှေးဟောင်းစက်မှုလုပ်ငန်း အခြေစိုက်နေရာတစ်ခုအနေဖြင့် ချုံချင့်မြို့တွင် သမိုင်းဝင်အမွေအနှစ်နေရာများ၊ စက်ရုံဟောင်းများနှင့် ရှေးဟောင်းအဆောက်အအုံများ ပိုမိုများပြားပေသည်။ မကြာသေးမီနှစ်များအတွင်း ချုံချင့်မြို့သည် မြို့ပြအင်္ဂါရပ်များ အဆင့်မြှင့်တင်ခြင်း၊ သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် ဂေဟစနစ် စသည့် အကြောင်းအရာများ ပေါင်းစပ်ခြင်းတို့ကို မြှင့်တင်လုပ်ဆောင်ခဲ့ပြီး ရှေးဟောင်းမြို့ကို ပြန်လည်သက်ဝင်လှုပ်ရှားစေခဲ့ရာ “အင်တာနက်တွင် ရေပန်းစားခရီးသွားနေရာ” များစွာ ပေါ်ပေါက်လာကာ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းအတွက် အထင်ကရနေရာအသစ်များ ဖြစ်လာခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ချုံချင့်မြို့ လျန်ကျန်းခရိုင်သစ် တာ့စီပါ့ရပ်ကွက်ရှိ ကျန်းလျင်လက်ဖက်ရည်ဆိုင်တွင် ပေကျင်းအော်ပရာ ကြည့်ရှုနေကြသူများအား ၂၀၂၆ ခုနှစ် မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………….
(Chinese Version)
重庆:老影院变身社区文化空间 激发消费新活力
新华社照片,重庆,2026年5月10日
在重庆两江新区大石坝,一座承载着当地百姓时代记忆的老建筑——原江陵厂电影院,如今已蜕变为面积约2000平方米的“江陵茶馆”。这座建于20世纪50年代的职工电影院,经改造成为集餐饮、休闲、文创于一体的社区空间,受到市民和游客青睐。
作为历史文化名城、老工业基地,重庆的历史遗迹、老厂房、老楼宇等较多。近年来,重庆市大力推进城市有机更新,融入历史、人文、生态等元素,让老城区重焕生机,涌现出一批“网红打卡地”,成为文旅消费新地标。
图说1:5月10日,在重庆两江新区大石坝江陵茶馆内,演员在舞台上表演京剧。 新华社记者 陈诚 摄
图说2:5月10日,人们在重庆两江新区大石坝江陵茶馆内欣赏京剧。新华社记者 陈诚 摄
