Connect with us

China

တရုတ်-ရုရှားဆက်ဆံရေးက သမိုင်းဝင်အခွင့်အလမ်းသစ်များကို ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်ဖြစ်သူ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဝမ်ရိနှင့် ရုရှားဖက်ဒရေးရှင်းလုံခြုံရေးကောင်စီ အတွင်းရေးမှူး Sergei Shoigu တို့က ရုရှားနိုင်ငံ မြို့တော်မော်စကိုတွင် အကြိမ်၂၀ မြောက် တရုတ်-ရုရှား မဟာဗျူဟာမြောက်လုံခြုံရေးဆွေးနွေးညှိနှိုင်းမှုအစည်းအဝေးအား သဘာပတိအဖြစ် ပူးတွဲကျင်းပနေကြသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၁ ရက် (ဆင်ဟွာ)

တရုတ်-ရုရှားဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုက သမိုင်းဝင်အခွင့်အလမ်းအသစ်များကို ကြိုဆိုပြီး ရုရှားနိုင်ငံနှင့်အတူ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ် အားကောင်းစေရေးနှင့် ပိုမိုတရားမျှတ၍ ကျိုးကြောင်းဆီလျော်သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် တည်ဆောက်ခြင်းကို မြှင့်တင်ရေးတွက် ရုရှားနိုင်ငံနှင့် လက်တွဲဆောင်ရွက်ရန် တရုတ်နိုင်ငံအနေဖြင့် အသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက မေ ၁၁ ရက်၌ ပြောကြားခဲ့သည်။
မေ ၉ ရက် မဟာမျိုးချစ်စစ်အောင်ပွဲနေ့ အခမ်းအနားပြီးနောက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာ ပူတင်၏ ရုရှား-တရုတ် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုနှင့်ပတ်သက်သော ကြေညာချက်နှင့်စပ်လျဉ်း၍ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းမှုအပေါ် ကောက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)
………………..
(English Version)
China-Russia relations embrace new historical opportunities: FM spokesperson
BEIJING, May 11 (Xinhua) — The development of China-Russia relations embraces new historical opportunities, and China stands ready to work with Russia to continuously strengthen cooperation in various fields and promote the building of a more just and reasonable global governance system, Chinese foreign ministry spokesperson Guo Jiakun said on Monday.
Guo made the remarks at a regular press briefing when asked to comment on Russian President Vladimir Putin’s statement on Russia-China strategic coordination at a press conference after the May 9 Victory Day celebrations. ■
English Caption
Wang Yi, a member of the Political Bureau of the Communist Party of China Central Committee and director of the Office of the Central Commission for Foreign Affairs, and Sergei Shoigu, secretary of the Security Council of the Russian Federation, co-chair the 20th round of China-Russia strategic security consultation in Moscow, Russia, Dec. 2, 2025. (Xinhua/Hao Jianwei)