China
ဖုဟွာနှင့် Al-Ahram Foundation သတင်းစာအုပ်စု ဘုတ်အဖွဲ့ဥက္ကဋ္ဌ Mohamed Fayez Farahat တွေ့ဆုံဆွေးနွေး
ကိုင်ရို၊ မေ ၁၂ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာနှင့် Al-Ahram Foundation သတင်းစာအုပ်စု ဘုတ်အဖွဲ့ဥက္ကဋ္ဌ Mohamed Fayez Farahat တို့သည် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် မေ ၁၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဆင်ဟွာသတင်းဌာနနှင့် Al-Ahram Foundation တို့သည် ကိုယ်စီနိုင်ငံ၏ သမိုင်းကြောင်းကြာရှည်သော အရေးကြီးမီဒီယာအဖွဲ့အစည်းများ ဖြစ်သည့်အားလျော်စွာ နှစ်ဖက်လုံးက တရုတ်-အီဂျစ် ချစ်ကြည်ရေး တိုးမြှင့်ရန်၊ နှစ်နိုင်ငံပြည်သူများအကြား နက်ရှိုင်းသော ချစ်ကြည်ရေး သံယောဇဉ်ကို ဖော်ပြရန်အတွက် တက်ကြွစွာ အကျိုးဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ဆင်ဟွာသတင်းဌာနအနေဖြင့် Al-Ahram Foundation နှင့်အတူ ဖလှယ်မှု၊ အပြန်အလှန်လေ့လာမှုကို မြှင့်တင်ကာ မီဒီယာတန်ဖိုး ဖော်ဆောင်မှုအား ခိုင်မြဲစွာ တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း၊ ကမ္ဘာ့တောင်ဘက်ခြမ်း စည်းလုံးညီညွတ်စွာ ကိုယ်အားကိုယ်ကိုး၍ အင်အားတောင့်တင်းလာစေသည့် ခေတ်ကာလလုပ်ငန်းစဉ်ကို အတူလက်တွဲ သက်သေထူပြီး ပိုမိုကျယ်လောင်သော၊ ပိုမိုအပြုသဘောဆောင်သော “တောင်ဘက်ခြမ်းအသံ” များကို အတူထုတ်ဖော်ပြောကြားသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
Mohamed Fayez Farahat က မီဒီယာသည် ကိုယ်စီနိုင်ငံမှ ပြည်သူများ အပြန်အလှန်နားလည်သိရှိမှုနှင့် ချစ်ကြည်ရင်းနှီးသော သံယောဇဉ်ကို မြှင့်တင်ပေးသည့် ပေါင်းကူးတံတားနှင့်ဆုံချက်ဖြစ်ကြောင်း၊ Al-Ahram Foundation အနေဖြင့် ဆင်ဟွာသတင်းဌာနနှင့်အတူ ပူးပေါင်းဖလှယ်မှုကို တစ်ဆင့်တိုး နက်ရှိုင်းစေပြီး အီဂျစ်-တရုတ် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်သည့် အကြောင်းအရာကို အတူတကွ ကောင်းမွန်စွာ တင်ဆက်ကာ နှစ်နိုင်ငံဆက်ဆံရေး စဉ်ဆက်မပြတ် ရှေ့သို့ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပိုမိုများပြားသော သဘောတူညီချက်နှင့် အင်အားများ စုစည်းပေးသွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
—————–
(Chinese Version)
傅华会见《金字塔报》报业集团董事长法拉哈特
新华社开罗5月11日电(记者徐皓夫 姚兵)新华社社长傅华11日在开罗会见《金字塔报》报业集团董事长穆罕默德·法耶兹·法拉哈特。
傅华表示,新华社与《金字塔报》同为各自国家历史悠久的重要媒体机构,双方都为传播中埃友谊、展现两国人民深厚情谊作出了积极贡献。新华社愿同《金字塔报》加强交流互鉴,坚守并弘扬媒体价值追求,携手见证全球南方团结自强的时代进程,共同发出更加响亮、更具建设性的“南方声音”。
法拉哈特表示,媒体是增进各国民众相互了解与友好感情的桥梁和纽带,《金字塔报》愿与新华社进一步深化交流合作,共同讲好埃中合作共赢的故事,为推动两国关系持续向前发展凝聚更多共识和力量。(完)
图说:5月11日,新华社社长傅华在埃及开罗会见《金字塔报》报业集团董事长穆罕默德·法耶兹·法拉哈特。 新华社记者 陈君清 摄
