Connect with us

International Organizations

ဟန်တာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားသော အပျော်စီးသင်္ဘောတွင် လူနာ ၉ ဦးအထိရှိလာပြီး သီးခြားကွာရန်တင်းထား ဆေးစစ်မှုက ကူးစက်မှုအန္တရာယ်အား လျှော့ချရန်ဖြစ်ကြောင်း WHO ဆို

စပိန်နိုင်ငံ တန်နာရီဖစ်ကျွန်း ဂရမ်နာဒီယာဆိပ်ကမ်းတွင် ဟန်တာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားသော Hondius အပျော်စီးသင်္ဘောနံဘေး ကပ်ထားသော ရော်ဘာလှေက ပထမဆုံးအသုတ် သင်္ဘောပေါ်မှ ရွှေ့ပြောင်းသူများအား ခေါ်ဆောင်နေသည်ကို ၂၀၂၆ ခုနှစ် မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီ‌ဗာ၊ မေ ၁၂ ရက် (ဆင်ဟွာ)

လက်ရှိတွင် Hondius အပျော်စီးသင်္ဘောနှင့်ပတ်သက်သည့် လူနာအစီရင်ခံတင်ပြမှု စုစုပေါင်း ၉ ဦး ရှိလာပြီး ၎င်းအနက် ၇ ဦးသည် ဟန်တာဗိုင်းရပ်စ် မျိုးနွယ်ဝင် အန်ဒီးစ်ဗိုင်းရပ်စ် ကူးစက်ထားသည်ဟု အတည်ပြုထားပြီးဖြစ်ကာ ၃ ဦး သေဆုံးခဲ့ကြောင်း၊ နောက်ဆုံး အတည်ပြုလူနာ အစီရင်ခံတင်ပြမှုမှာ ပြင်သစ်နိုင်ငံမှဖြစ်ပြီး ယမန်နေ့က သင်္ဘောမှဆင်းကာ ပြင်သစ်သို့ ပြန်လည်ရောက်ရှိလာသည့် အမျိုးသမီး ခရီးသည်တစ်ဦးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

WHO ကူးစက်ရောဂါဗေဒနှင့် သုံးသပ်တုံ့ပြန်ရေးအဖွဲ့ တာဝန်ခံ အိုလီဗီယာက ထိုနေ့တွင်ကျင်းပသော ဟန်တာဗိုင်းရပ်စ် လူမှုမီဒီယာဆွေးနွေးပွဲတစ်ခု၌ လက်ရှိတွင် မိမိနိုင်ငံသို့ပြန်လည်ပို့ဆောင်ခံရသည့် ခရီးသည်တစ်ဦး၏ တစ်ဆင့်တိုး ဓာတ်ခွဲအတည်ပြုမှုရလဒ်ကို စောင့်ဆိုင်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။ Hondius အပျော်စီးသင်္ဘောပါ ခရီးသည်နှင့် သင်္ဘောဝန်ထမ်းများက စပိန်နိုင်ငံ တန်နာရီဖစ်ကျွန်းမှ ထွက်ခွာခြင်းနှင့် ရွှေ့ပြောင်းပို့ဆောင်ခြင်း အခြေအနေများကိုလည်း ၎င်းက မိတ်ဆက်ပြောကြားခဲ့သည်။

အဘယ်ကြောင့်လူနာအသစ်များ ပေါ်ထွက်လာနေဆဲဖြစ်သနည်းဟူသော မေးခွန်းနှင့်စပ်လျဉ်း၍ အဆိုပါ ကူးစက်ရောဂါဗေဒပညာရှင်က အန်ဒီးစ်ဗိုင်းရပ်စ်၏ ရောဂါပျိုးကာလသည် အတန်အသင့်ကြာရှည်ပြီး ပုံမှန်အားဖြင့် သီတင်းပတ် ၃ ပတ်ဖြစ်ကာ အကြာဆုံး ရက်ပေါင်း ၄၀ မှ ၄၅ ရက်အထိဖြစ်နိုင်ကြောင်း၊ တင်းကျပ်သည့် ကာကွယ်ထိန်းချုပ်မှုအစီအမံ လုပ်ဆောင်သည့်တိုင် လာမည့်ရက်အနည်းငယ်မှ သီတင်းပတ်အထိ ပိုမိုများပြားသော လူနာများ ပေါ်ထွက်လာသည်ကို တွေ့မြင်နိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အိုလီဗီယာက သင်္ဘောမှဆင်းလာသောလူများအတွက် သီးခြားကွာရန်တင်းနေထိုင်ရန် သို့မဟုတ် ဆေးစစ်ရန် အစီအမံများဖြင့် မိတ်ဆက်ပေးခြင်းသည် ၎င်းတို့နှင့် သူတစ်ပါးထိတွေ့မှု မရှိစေရန် အာမခံကာ ထိုမှတစ်ဆင့် ကူးစက်မှုအန္တရာယ်အား လျှော့ချရန် ရည်ရွယ်ကြောင်း၊ အဆိုပါ ကြိုတင်ကာကွယ်မှုအစီအမံသည် အထူးပင် အရေးကြီးကြောင်း၊ အဘယ်ကြောင့်ဆိုသော် ကနဦးကာလ ဗိုင်းရပ်စ်သည် ကူးစက်နိုင်ခြေ အပြင်းဆုံးဖြစ်ကြောင်း၊ ဗိုင်းရပ်စ် တစ်ဆင့်တိုးကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်ရန်အတွက် WHO အနေဖြင့် သက်ဆိုင်ရာလူပုဂ္ဂိုလ်များအပေါ် ကျန်းမာရေး စောင့်ကြည့်မှုနှင့် ကိုယ်တိုင်ဆေးစစ်မှုခံယူကာ သီးခြားကွာရန်တင်းနေထိုင်ရန် အဆိုပြုကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် စပိန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ မေ ၁၁ ရက်ညနှောင်းပိုင်းတွင် ထုတ်ပြန်သော သတင်းအရ ရှေ့တစ်ရက်တွင် Hondius အပျော်စီးသင်္ဘောမှဆင်းလာပြီး လက်ရှိတွင် စပိန်နိုင်ငံ မက်ဒရစ်မြို့ ဆေးရုံ၌ သီးခြားကွာရန်တင်းနေထိုင်လျက်ရှိသည့် စပိန်နိုင်ငံ ၁၄ ဦးအနက် တစ်ဦးသည် ပထမဆုံးအကြိမ် ဆေးစစ်ချက် ကနဦးရလဒ်တွင် ဟန်တာဗိုင်းရပ်စ် ကူးစက်နေသည်ဟု ဖော်ပြကြောင်း သိရသည်။ (Xinhua)

——————
(Chinese Version)
世卫组织:涉疫邮轮病例增至9例 隔离检疫措施旨在降低传播风险
新华社日内瓦5月11日电(记者王露)世界卫生组织11日表示,当前共接到9例与“洪迪厄斯”号邮轮相关的病例报告,其中7例已确诊感染汉坦病毒家族中的安第斯病毒,且有3例死亡。最新确诊病例为法国报告、前一日下船返法的一名女性乘客。
世卫组织流行病学与分析应对小组负责人奥利维尔当天在一场汉坦病毒社交媒体讨论会上说,目前还有一名已被送返本国的乘客,正等待进一步确认诊断结果。他还介绍了“洪迪厄斯”号邮轮乘客和船员在西班牙特内里费岛撤离和转运情况。
针对为何仍出现新病例的问题,这名流行病学家解释说,安第斯病毒潜伏期较长,通常为3周,最长可达40至45天。即使实施严格防控措施,仍可能在接下来几天甚至下周看到更多病例出现。
奥利维尔表示,为下船人员推荐的隔离或检疫措施旨在确保他们不与他人接触,从而降低传播风险。这种预防措施尤其重要,因为发病初期病毒传染性最强。世卫组织提倡对相关人员实行健康监测和主动检疫隔离,以防止病毒进一步传播。
另据西班牙卫生部11日晚些时候发布的消息,前一天从“洪迪厄斯”号邮轮下船、目前正在马德里医院接受隔离的14名西班牙公民中,有一人首次检测初步结果显示感染汉坦病毒。(完)
图说:5月10日,在西班牙特内里费岛格拉纳迪利亚港,一艘橡皮艇靠近涉汉坦病毒疫情邮轮“洪迪厄斯”号,带领首批疏散人员离船。新华社记者程敏摄