Connect with us

China

ထိုင်ဝမ်ရေလက်ကြားတည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းခြင်းက တရုတ်-အမေရိကန် နှစ်ဖက်၏ အကြီးဆုံး ဘုံဆခွဲကိန်းဖြစ်သည်ဟု ရှီကျင့်ဖိန် ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိလာသည့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့် ၂၀၂၆ ခုနှစ် မေ ၁၄ ရက် နံနက်ပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးရာ အဆိုပါတွေ့ဆုံဆွေးနွေးပွဲမတိုင်မီ ရှီကျင့်ဖိန်က ထရမ့်အတွက် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ပြည်သူ့ခန်းမဆောင် အရှေ့ဘက်မုခ်ဦးပြင်ပ ရင်ပြင်တွင် ကျင်းပစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်သည့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်နှင့် မေ ၁၄ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ထိုင်ဝမ်အရေးကိစ္စသည် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အရေးကြီးဆုံးကိစ္စဖြစ်ကြောင်း၊ ကိုင်တွယ်စီမံမှုကောင်းမွန်လျှင် နှစ်နိုင်ငံဆက်ဆံရေးသည် ယေဘုယျအားဖြင့် တည်ငြိမ်မှုကို ထိန်းထားနိုင်မည် ဖြစ်ပြီး ကိုင်တွယ်စီမံမှု ကောင်းမွန်ခြင်းမရှိပါက နှစ်နိုင်ငံအနေဖြင့် ပွတ်တိုက်မှုသာမက ပဋိပက္ခအထိပါ ဖြစ်ပွားနိုင်ရာ တရုတ်-အမေရိကန် ဆက်ဆံရေးတစ်ရပ်လုံးက အလွန်အန္တရာယ်များသော အနေအထားသို့ ရောက်ရှိသွားမည် ဖြစ်ကြောင်း၊ “ထိုင်ဝမ်ခွဲထွက်ရေး” နှင့် ထိုင်ဝမ်ရေလက်ကြားငြိမ်းချမ်းရေးသည် မီးနှင့်ရေပမာ အတူယှဉ်တွဲ၍ မရကြောင်း၊ ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းခြင်းက တရုတ်-အမေရိကန် နှစ်ဖက်၏ အကြီးဆုံး ဘုံဆခွဲကိန်းဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။ (Xinhua)

—————–
(Chinese Version)
习近平:维护台海和平稳定是中美双方最大公约数
新华社北京5月14日电 5月14日上午,国家主席习近平在北京人民大会堂同来华进行国事访问的美国总统特朗普举行会谈。
习近平强调,台湾问题是中美关系中最重要的问题。处理好了,两国关系就能保持总体稳定。处理不好,两国就会碰撞甚至冲突,将整个中美关系推向十分危险的境地。“台独”与台海和平水火不容。维护台海和平稳定是中美双方最大公约数。(完)