Connect with us

Africa & Middle East

ဟော်မုဇ်ရေလက်ကြားကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်သင့်ကြောင်း တရုတ်နိုင်ငံ၏ ထိပ်တန်းသံတမန် ပြောကြား

ဟော်မုဇ်ရေလက်ကြားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၆ ရက် (ဆင်ဟွာ)

အပစ်အခတ်ရပ်စဲရေးအား ထိန်းသိမ်းထားမှုအပေါ် အခြေခံ၍ ဟော်မုဇ်ရေလက်ကြားကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်သင့်ကြောင်း တရုတ်နိုင်ငံက အခိုင်အမာပြောကြားပြီး တစ်ချိန်တည်းမှာပင် ရေလက်ကြားအရေးကိစ္စအား ဖြေရှင်းမှု၏ အခြေခံမှာ ထာဝရ ဘက်စုံ အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ခြင်းအပေါ် မူတည်သည်ဟု ယုံကြည်ကြောင်း တရုတ်နိုင်ငံ၏ ထိပ်တန်းသံတမန် ဝမ်ရိက မေ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ပေကျင်းတွင် မကြာသေးမီကပင် ပြီးဆုံးသွားခဲ့သော ရှီကျင့်ဖိန်-ထရမ့် တွေ့ဆုံပွဲနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ဝမ်က ဤမှတ်ချက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။ အမေရိကန်နှင့် အီရန်အနေဖြင့် ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် နျူကလီးယားအရေးနှင့် သက်ဆိုင်ရာကိစ္စရပ်များ အပါအဝင် သဘောထားကွဲလွဲမှုများနှင့် အငြင်းပွားမှုများကို ဆက်လက်ဖြေရှင်းရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မြှင့်တင်ရန် အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စစ်ပွဲ ဆောလျင်စွာ ပြီးဆုံးရေးနှင့် အရှေ့အလယ်ပိုင်း ပြန်လည်ငြိမ်းချမ်းရေးကို တွန်းအားပေးရာတွင် မိမိတို့၏ အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)
………………………
(Chinese Version)
China’s top diplomat says Strait of Hormuz should be reopened as soon as possible
BEIJING, May 15 (Xinhua) — China maintains that on the basis of sustaining the ceasefire, the Strait of Hormuz should be reopened as soon as possible, and at the same time believes that the fundamental solution to issues concerning the strait lies in the realization of a permanent and comprehensive ceasefire, said China’s top diplomat Wang Yi on Friday.
Wang made the remarks when briefing the press about the just-concluded Xi-Trump meeting in Beijing, adding that China encourages the United States and Iran to continue resolving their differences and disputes, including those related to the nuclear issue, through negotiations.
China has been working hard to promote peace talks and will continue to play its role in pushing for an early end to the war and restoring peace in the Middle East, Wang said. Enditem
English Caption: This file photo taken on Feb. 19, 2025 shows the Strait of Hormuz. (Xinhua/Wang Qiang)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117