Connect with us

International Organizations

ရီးရဲလ်မက်ဒရစ်အသင်းက မိမိနှင့်မဟုတ်ဘဲ မိမိ၏ကိုယ်စားလှယ်နှင့် ဆွေးနွေးနေဟု မော်ရင်ဟို ပြော

အီတလီနိုင်ငံ တူရင်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က ဂျူဗင်တပ်စ်အသင်းနှင့် ဘင်ဖီကာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်၌ ဘင်ဖီကာအသင်းနည်းပြချုပ် ဟိုဆေး မော်ရင်ဟိုအား တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ မေ ၁၈ ရက် (ဆင်ဟွာ)
ဘင်ဖီကာအသင်းနည်းပြ ဟိုဆေး မော်ရင်ဟိုက ရီးရဲလ်မက်ဒရစ်အသင်းအနေဖြင့် ၎င်း၏ကိုယ်စားလှယ်ဖြစ်သူ ဂျော့ဂျ်မန်ဒက်စ်နှင့် ဆက်သွယ်လျက်ရှိသည်ဟု ဝန်ခံပြောဆိုခဲ့ရာ ၎င်း၏နည်းပြဘဝတွင် ဒုတိယအကြိမ် ရီးရဲလ်မက်ဒရစ်နည်းပြဖြစ်လာရန် ပိုမိုနီးစပ်လာဖွယ်ရှိသည်။
ဘင်ဖီကာအသင်းက အက်စတိုရေးလ် ပါရီယာအသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်အပြီးတွင် ပေါ်တူဂီတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်အတွင်း နည်းပြအဖြစ်တာဝန်ယူခဲ့သည့် ရီးရဲလ်မက်ဒရစ်အသင်းထံ တစ်ကျော့ပြန် ပြောင်းရွှေ့တော့မည်လောဟု ၎င်းက မေးမြန်းခြင်းခံခဲ့ရသည်။
“ကျွန်တော်မသိပါဘူး…ဘင်ဖီကာအသင်းဆီက ကမ်းလှမ်းချက်တစ်ခုကိုပဲ တရားဝင်ရရှိထားပါတယ်။ အဲဒါကို ကျွန်တော်မကြည့်ရသေးပေမဲ့ သိပ်ကောင်းတဲ့ ကမ်းလှမ်းချက်လို့ မန်ဒက်စ်က ပြောပါတယ်” ဟု မော်ရင်ဟိုက ဆိုသည်။
အသက် ၆၃ နှစ်အရွယ် အဆိုပါနည်းပြက ၎င်းအနေဖြင့် ရီးရဲလ်မက်ဒရစ်အသင်း ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်နှင့်ဖြစ်စေ၊ အသင်းတာဝန်ရှိသူ တစ်ဦးဦးနှင့်ဖြစ်စေ တိုက်ရိုက်ဆွေးနွေးခဲ့ခြင်းမရှိဟု ပြောသည်။ “ကျွန်တော်က တုံးအတဲ့သူမဟုတ်ပါဘူး။ သူတို့အသင်းနဲ့ ဂျော့ဂျ်တို့ကြားမှာ ဆက်သွယ်မှုတွေရှိပါတယ်။ နောက်တစ်ပတ်အတွင်းမှာ သူတို့ဘက်က ကျွန်တော့်ဆီ ဆက်သွယ်လာမယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
သို့သော် မော်ရင်ဟိုက ၎င်းအနေဖြင့် ဘင်ဖီကာအသင်း၌ ဆက်ရှိနေမည်မဟုတ်ဟူသော ပြောဆိုချက်ကို ငြင်းပယ်ခဲ့ပြီး လာမည့်သီတင်းပတ်၌ ၎င်း၏စိတ်ကူးကို မြင်တွေ့ရလိမ့်မည်ဟု အခိုင်အမာပြောခဲ့သည်။
“တုံးအတဲ့သူတစ်ယောက်မှ မရှိပါဘူး။ ထူးခြားမှုတစ်ခုခု ရှိနေတာတော့ သိသာထင်ရှားပါတယ်။ ဒါပေမဲ့ ကျွန်တော်ပြောခဲ့သလိုပဲ စာချုပ်မှာလက်မှတ်ထိုးတာမျိုးတွေ၊ စားပွဲပေါ်ကို စာချုပ်ရောက်လာတာမျိုးတွေ၊ ကျွန်တော်နဲ့ ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌတို့ ဆွေးနွေးနေတာမျိုးတွေ ဒါမှမဟုတ် အသင်းရဲ့ အရေးပါတဲ့ပုဂ္ဂိုလ် တစ်ယောက်ယောက်က ကျွန်တော်နဲ့ ဆွေးနွေးနေတာမျိုးတွေ မရှိသေးပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
“လောလောဆယ်မှာ အမှန်တကယ် ခိုင်ခိုင်မာမာရှိတဲ့ အရာဆိုလို့ ဘင်ဖီကာအသင်းဘက်က စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းထားတာတစ်ခုပဲရှိပါတယ်” ဟု ၎င်းက ရှင်းလင်းပြောဆိုခဲ့သည်။ (Xinhua)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် မေ ၁၂ ရက်က ပြုလုပ်သည့် အရေးကြီးသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ရီးရဲလ်မက်ဒရစ်အသင်း ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်အား တွေ့ရစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် မတ် ၂၂ ရက်က ရီးရဲလ်မက်ဒရစ်အသင်းနှင့် အက်သလက်တီကို မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်အသင်းမှ ဖက်ဒရီကို ဗယ်လ်ဗာဒီ (အပေါ်) ဂိုးသွင်းပြီးနောက် အသင်းဖော်များနှင့်အတူ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

………………..
(English Version)
Real Madrid has spoken to my representative, not me: Mourinho
MADRID, May 17 (Xinhua) — Jose Mourinho seems to be moving closer to becoming Real Madrid coach for the second time in his career when he admitted the club had been in contact with his representative Jorge Mendes.
Speaking to the press in Portugal after leading Benfica to a 3-1 win over Estoril Paria, Mourinho was asked if he would be returning to Real Madrid after coaching the club between 2010 and 2013.
“I don’t know … the only thing I have on record is a proposal from Benfica … which I haven’t seen, but Mendes tells me it’s very good,” said Mourinho.
The 63-year-old said he hadn’t spoken directly to Real Madrid president, Florentino Perez “or anyone in the club’s structure,” but added “I’m not stupid…and there are contacts between the club and Jorge. And I believe they will turn into contacts with me during the next week.”
Mourinho refused to rule out remaining at Benfica, insisting his “intention is to see what I have next week.”
“Nobody’s stupid, obviously something’s going on. But as I said, there’s no signed contract, no contract on the table, no talks between the Real Madrid president and me, nor talks between anyone important in the club’s structure and me.”
“At this moment, the only real and concrete thing that exists is an offer to continue from Benfica,” he explained.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117