China
တရုတ်-ရုရှား ခေတ်သစ် ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး တည်ငြိမ်စွာ ရေရှည် ရှေ့ဆက်လျှောက်လှမ်းလျက်ရှိ
ပေကျင်း၊ မေ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ သမ္မတ ပူတင်သည် မေ ၁၉ ရက်မှ ၂၀ ရက် အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်မည်ဖြစ်သည်။ ယခုနှစ်သည် တရုတ်-ရုရှား မဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ပြည့်၊ “တရုတ်-ရုရှား အိမ်နီးချင်းကောင်း ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ်” ချုပ်ဆိုသည့် ၂၅ နှစ်မြောက် အခါသမယနှင့်ကြုံကြိုက်ရာ ရှုပ်ထွေးလှသည့်နိုင်ငံတကာအခြေအနေကို ရင်ဆိုင်ရာ၌ တရုတ်-ရုရှား အကြီးအကဲများ၏ မဟာဗျူဟာ ဦးဆောင်မှုအောက်တွင် နှစ်နိုင်ငံ ဆက်ဆံရေးက “မိုးဒဏ်လေဒဏ်များအကြား တောင်ကြီးသဖွယ် တည်ငြိမ်ခိုင်မာလျက်ရှိခြင်း” သည် ကမ္ဘာအတွက် တည်ငြိမ်မှုနှင့် သေချာရေရာမှုများကို ပံ့ပိုးပေးပေသည်။
အကြီးအကဲများ ဦးဆောင်ဦးရွက်ပြုခြင်းသည် တရုတ်-ရုရှားဆက်ဆံရေး အဆင့်မြင့် ဖွံ့ဖြိုးတိုးတက်သည့် အကြီးမားဆုံးသော အားသာချက်နှင့် အခြေခံ အာမခံချက် ဖြစ်သည်။ ဆယ်စုနှစ်တစ်ခုကျော်ကြာကာလတွင် သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ပူတင်တို့သည် နည်းလမ်းအသွယ်သွယ်ဖြင့် နီးကပ်သည့် ညှိနှိုင်းချိတ်ဆက်မှုများကို ထိန်းသိမ်းထားရာ နွေးထွေးပျူငှာသည့် အပြန်အလှန်တုံ့ပြန်မှု၊ ရင်းနှီးပွင့်လင်းသည့်ဖလှယ်မှု များစွာက တရုတ်-ရုရှား အကြီးအကဲ ချစ်ကြည်ရင်းနှီးစွာ ဖလှယ်ကြသည့် ဂုဏ်သတင်းကောင်းများကို စဉ်ဆက်မပြတ် ရေးထိုးထားသလို တရုတ်-ရုရှား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် ထိပ်သီးအဆင့် လမ်းညွှန်ရေးဆွဲမှုများ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့ကြသည်။ ၂၀၁၉ ခုနှစ်တွင် နှစ်နိုင်ငံအကြီးအကဲများက တရုတ်-ရုရှား ခေတ်သစ် ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးသို့ တိုးမြှင့်ရန် အတူတကွကြေညာခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေး အရည်အသွေးမြှင့်၊ အဆင့်မြှင့်တင်မှုကို ဖော်ဆောင်ခဲ့သည်။ နှစ်ဖက်အနေဖြင့် မဟာဗျူဟာမြောက် ညှိနှိုင်းဆွေးနွေးမှုကို ဆက်လက်နက်ရှိုင်းအောင် ဆောင်ရွက်လျက်ရှိရာ နှစ်နိုင်ငံ နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုအခြေခံကို တစ်ဆင့်တိုးခိုင်မာစေမည် ဖြစ်သလို တရုတ်-ရုရှား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအသစ်ကို ဖော်ဆောင်ရန် တွန်းအားပေးမည် ဖြစ်ပေသည်။
လက်တွေ့ခိုင်မာသည့်ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-ရုရှား ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေသည့် အတွင်းတွန်းကန်အား ဖြစ်သည်။ အပြောင်းအလဲများ၍ ရှုပ်ထွေးနေသည့် ပြင်ပပတ်ဝန်းကျင်ကို ရင်ဆိုင်ရာတွင် နှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးသည် အခက်အခဲ အကျပ်အတည်းများနှင့် မည်မျှပင် ရင်ဆိုင်ရစေကာမူ ကြံ့ကြံ့ခံခိုင်မာမြဲမြံလျက်ရှိသည်။ ယင်းမှာ နှစ်ဖက်ကုန်သွယ်ရေးပမာဏမှာ သုံးနှစ်ဆက်တိုက် ကန်ဒေါ်လာ ၂၀၀ ဘီလီယံ ကျော်ရှိခြင်း၊ အဓိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်းခိုင်ခိုင်မာမာ ရှိလာခြင်း၊ ဒေသန္တရ ပူးပေါင်းဆောင်ရွက်မှု ရှင်သန်စွမ်းအား အဆက်မပြတ် အားကောင်းနေခြင်း၊ အပြန်အလှန်ချိတ်ဆက်မှု၊ ဉာဏ်ရည်တု၊ အာကာသနှင့် လေကြောင်း၊ အစိမ်းရောင်စီးပွားရေး၊ နယ်စပ်ဖြတ်ကျော် E-Commerce စသည့် ထွန်းသစ်စကဏ္ဍများတွင် ဘက်ပေါင်းစုံ တိုးတက်မှုရှိလာခြင်း စသည့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် ပမာဏစုစည်းမှုများမှသည် အရည်အသွေး ကျော်လွှားတိုးတက်မှုအထိ လှမ်းချီလာခဲ့သည်။ တရုတ်အမှတ်တံဆိပ် မော်တော်ကားများသည် ရုရှားနိုင်ငံ လမ်းမ၊ လမ်းသွယ်များတွင် မောင်းနှင်လျက်ရှိသလို ရုရှားနိုင်ငံ၏ အရည်အသွေးကောင်းမွန်သည့် လယ်ယာထွက်ကုန်ပစ္စည်းများကလည်း တရုတ်နိုင်ငံ၏ အိမ်တိုင်းသို့ ရောက်ရှိလာရာ “ကောင်းမွန်ခမ်းနားထည်ဝါခြင်း” နှင့် “အများပြည်သူလက်လှမ်းမီခြင်း” ၏ ပူးပေါင်းဆောင်ရွက်မှု အပြန်အလှန်ပေါင်းစည်းခြင်းသည် နှစ်နိုင်ငံပြည်သူများအတွက် လက်တွေ့ကျသော ကောင်းကျိုးများကို ဆောင်ကြဉ်းပေးလျက်ရှိသည်။ တစ်ချိန်တည်းတွင်ပင် တရုတ်-ရုရှား ဗီဇာကင်းလွတ်ခွင့်မူဝါဒ အပြန်အလှန်ဖော်ဆောင်ခြင်းနှင့်အတူ နှစ်နိုင်ငံ လူပုဂ္ဂိုလ် ကူးလူးသွားလာမှုများ ပို၍ သွက်လက်လာရာ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး ဖလှယ်မှုများ အဆက်မပြတ် ထဲထဲဝင်ဝင်ရှိလာခဲ့သည်။ ယမန်နှစ်က “တရုတ်-ရုရှား ယဉ်ကျေးမှုနှစ်” အောင်မြင်စွာ ပြီးဆုံးခဲ့ရာ အစီအစဉ်များစွာက နှစ်နိုင်ငံပြည်သူလူထု အပြန်အလှန်သိရှိနားလည်မှုကို ပို၍ နက်ရှိုင်းစေခဲ့သည်။ ယခုနှစ်တွင်လည်း “တရုတ်-ရုရှား ပညာရေးနှစ်” ကို ကြိုဆိုရပြန်မည်ဖြစ်ရာ တရုတ်-ရုရှား ချစ်ကြည်ရေးကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်းရန်၊ နှစ်နိုင်ငံပြည်သူများ အပြန်အလှန်သိကျွမ်းရင်းနှီးမှုများအတွက် အားမာန်သစ်များ ဖြည့်တင်းပေးမည် ဖြစ်ပေတော့သည်။
တရုတ်-ရုရှားက နိုင်ငံတကာစင့်မြင့်၌ အပြန်အလှန်ညှိနှိုင်းဆောင်ရွက်မှု၊ အပြန်အလှန် ဝန်းရံပံ့ပိုးမှုရှိကြခြင်းသည် ခေတ်ရေစီးကြောင်း ပြောင်းပြန်စီးဆင်းနေမှုများကြားတွင် မှန်ကန်သည့် လမ်းကြောင်း၊ အပြောင်းအလဲအခင်းအကျင်းများအောက်တွင် ပို၍ တာဝန်ယူမှုရှိသည်ကို တစ်ကမ္ဘာလုံးအား ပြသခဲ့သည်။
လက်ရှိ ကမ္ဘာ့အခြေအနေ ပြောင်းလဲရှုပ်ထွေးနေခြင်း၊ ဒုတိယကမ္ဘာစစ်အလွန် နိုင်ငံတကာစည်းစနစ်နှင့် နိုင်ငံတကာဆက်ဆံရေး စံနှုန်းစည်းမျဉ်းများ ပြင်းထန်စွာ ရိုက်ခတ်ခံနေရခြင်း၊ ပထဝီနိုင်ငံရေး ပဋိပက္ခ ဆိုးရွာလာခြင်းများရှိရာ ကမ္ဘာကြီးအနေဖြင့် “ကြီးနိုင်ငယ်ညှဉ်း တောရိုင်းသဘာဝစည်းမျဉ်း” သို့ နောက်ပြန်ဆုတ်သွားမည့် လက်တွေ့အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ တာဝန်ယူမှုရှိသော နိုင်ငံကြီးနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအနေဖြင့် တရုတ်-ရုရှား နှစ်နိုင်ငံသည် နိုင်ငံတကာအသိုက်အဝန်းအား တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ခိုင်မာစွာ လက်ကိုင်ထားရန်၊ ဒုတိယကမ္ဘာစစ်အောင်နိုင်ခြင်း၏ ရလဒ်ကို ခိုင်မာစွာ ကာကွယ်ရန်၊ ကုလသမဂ္ဂကို ဗဟိုပြုသည့် နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာဥပဒေအခြေခံစည်းမျဉ်းများကို ခိုင်မာစွာ ထိန်းသိမ်းကာကွယ်ရန် အတူတကွ တွန်းအားပေးလျက်ရှိသည်။ တရုတ်-ရုရှား မဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာတည်ငြိမ်မှု၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် နိုင်ငံတကာစည်းစနစ်အား ကာကွယ်ထိန်းသိမ်းမှုအတွက် အဓိပ္ပာယ်ကြီးမားလေးနက်သည်ကို လက်တွေ့က သက်သေပြပြီးဖြစ်ပေသည်။
ယမန်နှစ်က နှစ်နိုင်ငံအကြီးအကဲများသည် တစ်ဖက်နိုင်ငံက ကျင်းပသည့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း အထိမ်းအမှတ်အခမ်းအနားများကို အပြန်အလှန်တက်ရောက်ခဲ့ကြသည်။ နှစ်ဖက်အနေဖြင့် ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေး၊ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ တည်ငြိမ်မှု ခိုင်မြဲစေရေး၊ နိုင်ငံတကာဥပဒေ၏ ဩဇာအရှိန်အဝါကို ကာကွယ်ထိန်းသိမ်းရေးကို ဗဟိုပြုပြီး အလွန်အရေးပါ၍ သက်ရောက်မှုကြီးမားသော ပူးတွဲကြေညာချက် သုံးရပ်ကို ထုတ်ပြန်ခဲ့ရာ တရုတ်-ရုရှားအကြား မဟာဗျူဟာမြောက် သဘောတူညီချက်၏ များပြားမှု၊ မဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း၏ နီးကပ်မှုကို ထပ်မံ အထင်အရှား ပြသခဲ့သည်။ မသေချာမရေရာမှုနှင့် ကသောင်းကနင်းဖြစ်မှု များပြားလာသည့် နိုင်ငံတကာ အခြေအနေကို ရင်ဆိုင်ရာတွင် နှစ်ဖက်အနေဖြင့် ဘက်ပေါင်းစုံ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ခိုင်မာစွာ ထိန်းသိမ်းကာကွယ်၍ လက်တွေ့ဖော်ဆောင်ရန်၊ ကုလသမဂ္ဂ၏ ဩဇာအရှိန်အဝါနှင့် သက်ဝင်လှုပ်ရှားမှုကို ပြန်လည်မြှင့်တင်ရေး လက်တွဲညီညီဆောင်ရွက်ရန်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၊ BRICS နိုင်ငံများ စသည့် မူဘောင်အတွင်း ချိတ်ဆက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုများကို နီးကပ်စွာ လုပ်ဆောင်ရန်၊ နိုင်ငံတကာစည်းစနစ် ပို၍ တရားမျှတမှု၊ ကျိုးကြောင်းဆီလျော်မှုရှိသော ဦးတည်ချက်သို့ တိုးတက်ရေး တွန်းအားပေးရန် လုပ်ဆောင်ရမည်ဖြစ်ပေသည်။
အနာဂတ်ကို မျက်နှာမူရာတွင် တရုတ်-ရုရှားအနေဖြင့် ထာဝရ သဟဇာတဖြစ်၍ သင့်မြတ်သော အိမ်နီးချင်းကောင်းချစ်ကြည်ရေး၊ ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှု ဟူသော စိတ်ဓာတ်ကို ဆက်လက် လက်ကိုင်ထားရန် တာဝန်ရှိပေသည်။ သမိုင်းအခါအခွင့်ကို ဆုပ်ကိုင်ရန်၊ အဆင့်မြင့်အလွှာ ကူးလူးဖလှယ်ရေး နီးကပ်စေရန်၊ ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်၊ ပိုမိုနက်ရှိုင်းသောအလွှာ၏ မဟာဗျူဟာညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုနှင့် ပို၍ တက်ကြွစွမ်းဆောင်နိုင်သည့် နိုင်ငံကြီး၏ တာဝန်ယူမှုဖြင့် တရုတ်-ရုရှား ဆက်ဆံရေးက မှန်ကန်သောလမ်းကြောင်းအတိုင်း ဆက်လက်၍ စဉ်ဆက်မပြတ်တိုးတက်စေရေးကို အာမခံရန်၊ ဗဟုဝင်ရိုးကမ္ဘာတည်ဆောက်ရေး၊ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာတည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ရေးအတွက် “တရုတ်-ရုရှား အပြုသဘော စွမ်းအင်များ” ဖြည့်တင်းရမည် ဖြစ်ပေသည်။ (Xinhua)

၁၀ ကြိမ်မြောက် တရုတ်-ရုရှား ကုန်စည်ပြပွဲတွင် လာရောက်ကြည့်ရှုကြသူများအား ၂၀၂၆ ခုနှစ် မေ ၁၇ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)
————————————————————————————–
(Chinese Version)
新华时评丨推动中俄新时代全面战略协作伙伴关系行稳致远
新华社北京5月17日电 题:推动中俄新时代全面战略协作伙伴关系行稳致远 新华社记者耿鹏宇
应国家主席习近平邀请,俄罗斯总统普京将于5月19日至20日对中国进行国事访问。今年恰逢中俄战略协作伙伴关系建立30周年、《中俄睦邻友好合作条约》签署25周年,面对纷繁复杂的国际局势,在中俄元首战略引领下,两国关系将始终“风雨不动安如山”,为世界提供稳定性和确定性。
元首引领是中俄关系高水平发展的最大优势和根本保障。十多年来,习近平主席与普京总统以多种方式保持密切沟通,一次次热情互动,一次次坦诚交流,不断书写中俄元首友好交往的佳话,也不断为中俄关系发展作出顶层设计。2019年,两国元首共同宣布发展中俄新时代全面战略协作伙伴关系,实现两国关系提质升级。双方持续深化战略沟通,将进一步夯实两国政治互信之基,推动中俄关系实现新发展。
务实合作是中俄关系稳定发展的内生动力。面对复杂多变的外部环境,两国各领域合作“千磨万击还坚劲”:双边贸易额连续三年突破2000亿美元大关;重点领域合作走深走实;地方合作活力持续迸发;互联互通、人工智能、航空航天、绿色经济、跨境电商等各新兴领域全面开花……双边合作从量的积累迈向质的跃升。中国品牌汽车行驶在俄罗斯大街小巷,俄罗斯优质农产品走进中国千家万户,“高大上”与“接地气”的合作交相融合,为两国人民带来了实实在在的好处。与此同时,随着中俄互免签证政策实施,两国人员往来更加活跃,教育、文化、旅游交流持续深化。去年,“中俄文化年”圆满收官,一系列活动加深了两国民众对彼此的了解。今年又迎来“中俄教育年”,将为中俄友好世代传承、两国人民相知相亲注入新动力。
中俄在国际舞台相互协调、相互呼应,向全世界表明逆流之中方显正道、变局之下更有担当。当前,世界形势变乱交织,二战后国际秩序和国际关系准则受到严重冲击,地缘冲突加剧,世界面临倒退回“丛林法则”的现实危险。作为负责任大国和联合国安理会常任理事国,中俄两国共同推动国际社会坚守公平正义,坚定捍卫二战胜利成果,坚决维护以联合国为核心的国际体系和国际法基本准则。事实证明,中俄战略协作对维护全球战略稳定、维护多边主义和国际秩序意义重大。
去年,两国元首相互出席对方国家举办的纪念世界反法西斯战争胜利庆典,双方围绕深化全面战略协作、巩固全球战略稳定、维护国际法权威发表三份重磅联合声明,再次彰显中俄之间战略共识之多、战略协作之密。面对不确定性不稳定性增多的国际局势,双方要加强多边协作,坚定维护和践行多边主义,携手重振联合国权威和活力,在上海合作组织、金砖国家等框架内密切协调和配合,推动国际秩序朝着更加公正合理的方向发展。
面向未来,中俄有责任继续秉持永久睦邻友好、全面战略协作、互利合作共赢的精神,把握历史契机,密切高层交往,加强各领域务实合作,以更深层次的战略协作和更加积极有为的大国担当,确保中俄关系继续沿着正确轨道不断发展,为建设一个多极世界、维护全球战略稳定注入“中俄能量”。(完)
1. 2025年5月9日,在俄罗斯首都莫斯科,中国人民解放军三军仪仗队方队参加纪念苏联伟大卫国战争胜利80周年阅兵式。新华社记者赖向东摄
2. 5月17日,参会者在第十届中国—俄罗斯博览会现场参观。新华社记者张涛摄
