North America
“အချိန်နာရီက တစ်ချက်ချက် အသံပေးနေသည်” ဟု ထရမ့်က အီရန်ကို သတိပေး
ဝါရှင်တန်၊ မေ ၁၈ ရက် (ဆင်ဟွာ)
“အချိန်နာရီက တစ်ချက်ချက် အသံပေးနေသည်” ဟု အမေရိကန် သမ္မတ ထရမ့်က အီရန်အား မေ ၁၇ ရက်တွင် ထပ်မံသတိပေးခဲ့ပြီး အီရန်အနေဖြင့် ပိုမိုကောင်းမွန်သော သဘောတူညီချက် အစီအစဉ်တစ်ခု ပေးနိုင်ခြင်းမရှိပါက “သူတို့ဟာ ယခင်ကထက် အများကြီး ပိုမိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေခံရမယ်” ဟု ပြောကြားခဲ့သည်။
ထရမ့်က ထိုနေ့တွင် အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်၏ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းမှုအား ဖြေကြားရာတွင် ၎င်းအနေဖြင့် အီရန်ဘက်က သဘောတူညီချက် ရရှိချင်စိတ်ရှိသေးသည်ဟု ယူဆကြောင်း၊ အီရန်ဘက်က အစီအစဉ်အသစ်တင်ပြသည်ကို ၎င်းက စောင့်ဆိုင်းလျက်ရှိကြောင်း၊ အီရန်၏ အစီအစဉ်အသစ်သည် ယခင်ရက်အနည်းငယ်က တင်ပြသော အစီအစဉ်ထက် ပိုမိုကောင်းမွန်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သော်လည်း ၎င်းအနေဖြင့် အီရန်နှင့် ဆွေးနွေးညှိနှိုင်းရန် နောက်ဆုံးသတ်မှတ်ရက်စွဲကိုမူ ထုတ်ဖော်ပြောကြားရန် ငြင်းဆိုခဲ့သည်။
“ကျွန်တော်တို့က သဘောတူညီချက် ရရှိချင်ပါတယ်။ ဒါပေမဲ့ သူတို့ (အီရန်ဘက်အစီအစဉ်) က ကျွန်တော်တို့ မျှော်မှန်းထားတဲ့အခြေအနေ မရောက်သေးဘူး။ အီရန်ဘက်က အလျော့ပေးမှု မဖြစ်မနေလုပ်ရပါမယ်။ မဟုတ်ရင်တော့ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုခံရမှာပါ။ ဒါကလည်း အီရန် ဖြစ်စေချင်တဲ့ဟာတော့ မဟုတ်လောက်ပါဘူး” ဟု ထရမ့်က ဆိုသည်။ အီရန်ဘက်က ပိုကောင်းမွန်သည့် အစီအစဉ် တင်ပြနိုင်ခြင်းမရှိပါက အမေရိကန်၏ အီရန်အပေါ် တိုက်ခိုက်မှုပြင်းအားသည် ယခင်ကထက် များစွာကျော်လွန်မှာဖြစ်ကြောင်း၊ “အချိန်နာရီက တစ်ချက်ချက် အသံပေးနေပါတယ်။ အီရန်အနေနဲ့ လျင်မြန်စွာလှုပ်ရှားသင့်ပါပြီ မဟုတ်ရင် သူတို့ဘာမှရှိတော့မှာမဟုတ်ဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
ထရမ့်သည် ထိုနေ့တွင် လူမှုမီဒီယာ၌ အလားတူ ထုတ်ဖော်ပြောကြားမှု လုပ်ဆောင်ခဲ့သည်။
သတင်းဖော်ပြချက်တွင် သတင်းအရင်းအမြစ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ထရမ့်က မေ ၁၆ ရက်တွင် အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် ဂေါ့ဖ်ကလပ်တစ်ခု၌ ၎င်း၏အမျိုးသားလုံခြုံရေးအဖွဲ့ အဖွဲ့ဝင်များအား တွေ့ဆုံပြီး အီရန်အရေးကို ဆွေးနွေးခဲ့ကြောင်း၊ ထိုတွေ့ဆုံပွဲသို့ တက်ရောက်သူများတွင် ဒုတိယသမ္မတ JD Vance ၊ သမ္မတ အထူးသံတမန် Steve Witkoff ၊ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် အမေရိကန် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ဥက္ကဋ္ဌ John Ratcliffe တို့ပါဝင်ကြောင်း၊ မေ ၁၇ ရက်တွင် ထရမ့်နှင့် အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုတို့က အီရန်အရေးနှင့် စပ်လျဉ်း၍ ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့ကြောင်း ဖော်ပြခဲ့သည်။
ထရမ့်သည် မေ ၁၉ ရက်တွင် အိမ်ဖြူတော် စစ်ပွဲအခြေအနေရေးရာ ဆွေးနွေးသည့်အခန်း၌ ၎င်း၏အမျိုးသားလုံခြုံရေးအဖွဲ့ အဓိကအဖွဲ့ဝင်များနှင့် အစည်းအဝေး ကျင်းပကာ အီရန်အပေါ် လက်နက်အင်အား ထပ်မံအသုံးပြုမှု ရွေးချယ်ချက်အား ဆွေးနွေးမည်ဟု အမေရိကန် အစိုးရအရာရှိနှစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍လည်း သတင်းဖော်ပြထားသည်။
ထို့ပြင် အမေရိကန် CNN သတင်းဌာန၏ မေ ၁၇ ရက် သတင်းဖော်ပြချက်အရ ထရမ့်အနေဖြင့် အီရန်နှင့် ဆွေးနွေးညှိနှိုင်းမှုအပေါ် တစ်နေ့တခြား သည်းခံနိုင်စွမ်း လျော့နည်းလာပြီး တစ်ချိန်တည်းတွင် ဟော်မုဇ်ရေလက်ကြား ဆက်လက်ပိတ်ဆို့ထားမှုအပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေကြောင်း၊ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် စစ်ရေးတိုက်ခိုက်မှုအစီအစဉ်များစွာ ချမှတ်ထားပြီးဖြစ်ရာ ၎င်းအနက် အီရန် စွမ်းအင်အဆောက်အအုံနှင့် အခြေခံအဆောက်အအုံများအပေါ် တိကျစွာတိုက်ခိုက်သည့် အစီအစဉ်လည်း ပါဝင်ကြောင်း သိရသည်။
အီရန်လက်နက်ကိုင်တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်သည် ထရမ့်၏ လတ်တလောကာလအတွင်း အီရန်အပေါ် သဘောထားမှတ်ချက်များနှင့်စပ်လျဉ်း၍ တုံ့ပြန်ပြောကြားရာတွင် အမေရိကန်အနေဖြင့် အီရန်အပေါ် စစ်ရေးလှုပ်ရှားမှု အသစ် လုပ်ဆောင်ခြင်းမပြုရန် သတိပေးခဲ့ကြောင်း အီရန်မီဒီယာများက မေ ၁၇ ရက်တွင် သတင်းဖော်ပြခဲ့သည်။ (Xinhua)
——————-
(Chinese Version)
特朗普警告伊朗“时钟正滴答作响”
新华社华盛顿5月17日电 美国总统特朗普17日再次向伊朗发出警告称,“时钟正滴答作响”,如果伊朗不拿出一份更好的协议方案,“他们将遭受比之前猛烈得多的打击”。
特朗普当天在接受美国阿克西奥斯新闻网站电话采访时说,他认为伊朗仍想要达成协议,他正等待伊朗拿出新的方案,希望伊朗新方案比几天前提交的上一份方案要好,但他拒绝透露与伊朗谈判的具体截止日期。
“我们想达成协议,但他们(伊朗方案)尚未达到我方预期。伊朗必须作出让步,否则将遭受猛烈打击,而这并非伊朗所愿。”特朗普说,若伊朗拿不出更好方案,美国对伊朗的打击力度将远超以往,“时钟正滴答作响。伊朗最好迅速行动,否则将一无所有”。
特朗普当天在社交媒体上作出类似表态。
报道援引一名知情人士的话说,特朗普16日在美国弗吉尼亚州一家高尔夫俱乐部会见其国家安全团队成员,讨论了伊朗问题。与会者包括副总统万斯、总统特使威特科夫、国务卿鲁比奥和中央情报局局长拉特克利夫。17日,特朗普与以色列总理内塔尼亚胡就伊朗局势通电话。
报道还援引两名美国官员的话称,预计特朗普19日在白宫战情室与其国家安全团队主要成员举行会议,讨论对伊朗再次动武的选项。
另据美国有线电视新闻网17日报道,特朗普对同伊朗的谈判日益失去耐心,同时对霍尔木兹海峡持续关闭感到沮丧。美国国防部已拟定一系列军事打击方案,其中包含针对伊朗能源设施与基础设施实施精准打击的计划。
据伊朗媒体17日报道,伊朗武装部队发言人就特朗普近期有关伊朗的表态作出回应,警告美方不要对伊朗发起新的军事行动。(完)
图说:5月15日下午,美国总统特朗普结束对中国的国事访问,乘专机离开北京。 新华社记者 金良快 摄
