Connect with us

Africa & Middle East

ရေနံဈေးကွက် ပူးပေါင်းဆောင်ရွက်ရန် ရုရှားသမ္မတနှင့် ဆော်ဒီဘုရင် ဆွေးနွေး

ရုရှားသမ္မတနှင့် ဆော်ဒီဘုရင်အားတွေ့ရစဉ်(ဆင်ဟွာ)

ရီဟာ့ဒ်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

ရေနံဈေးကွက်များ တည်ငြိမ်မှုရှိစေရန် ပူးပေါင်းဆောင်ရွက်မည်ဟု ရုရှားသမ္မတ Vladimir Putinနှင့် ဆော်ဒီဘုရင် Salman bin Abdulaziz Al Saudတို့သည် ဖေဖော်ဝါရီ ၁၉ ရက်က ဆွေးနွေးခဲ့ကြောင်း ဆော်ဒီသတင်းအေဂျင်စီများက ဖော်ပြသော သတင်းများအရ သိရသည်။

ကမ္ဘာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ခိုင်မာစေရန် ရေနံဈေးကွက်အပေါ် အလေးထားကြောင်း ဆော်ဒီဘုရင်က ရုရှား သမ္မတ ပူတင်နှင့် တယ်လီဖုန်းခေါ်ဆိုစဉ်အတွင်း ပြောကြားသည်။နှစ်နိုင်ငံဘုံသက်ဆိုင်သော ကိစ္စများနှင့် နှစ်နိုင်ငံကြား ပုံမှန်ဆက်ဆံရေးတို့အတွက် ၎င်းတို့က ပြန်လည် သုံးသပ်ဆွေးနွေး ခဲ့ကြောင်း သိရသည်။ကမ္ဘာ ရေနံဈေးကွက်များနှင့် ဈေးနှုန်းများ ထိန်းညှိနိုင်ရန်အတွက် ဇန်နဝါရီလမှ စတင်ပြီး တစ်နေ့လျှင် ရေနံ စည် ၁.၂သန်း ရေနံထုတ်လုပ်မှုအထိ လျော့ချရန်ရေနံတင်ပို့သည့် နိုင်ငံများ၏အဖွဲ့(အိုပက်)ကဲ့သို့ ရေနံဦးဆောင် ထုတ်လုပ်သူများ နှင့် ရုရှားတို့ သဘောတူခဲ့ကြကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117