Connect with us

Social

အထက်ရဲရွာ ရေအား လျှပ်စစ် စီမံကိန်း ၂၀၂၁-၂၀၂၂ ခုနှစ်တွင် စီမံကိန်း တစ်ခုလုံး ပြီးစီးမည်ဟုဆို

စီမံကိန်း တည်ဆောက်နေမှုများအား ပြည်ထောင်စု ၀န်ကြီး နှင့် အဖွဲ့ ကြည့်ရှု စစ်ဆေးစဉ်(ဓာတ်ပုံ - Ministry of Electricity and Energy,Myanmar)

ရန်ကုန် ၊ မေ ၅ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲမြို့၏ တောင်ဘက်မိုင်(၂၀)ခန့်အကွာ ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်)ပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်းသည် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် စီမံကိန်းတစ်ခုလုံး ပြီးစီးမည် ဖြစ်ကြောင်း လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ယခုအခါ စီမံကိန်း၏ ၃၈ ဒသမ ၇၃ ရာခိုင်နှုန်း တည်ဆောက် ပြီးစီး နေပြီဖြစ်ကာ စက်တင်ဘာလတွင် ၄၃ ရာခိုင်နှုန်းသို့ ပြီးစီးအောင် စီမံဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းသည် ဒုဋ္ဌဝတီမြစ်(မြစ်ငယ်မြစ်)ပေါ်တွင် ရေလှောင်တမံတည်ဆောက်ပြီး ၂၈၀ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ နှစ်စဉ်ပျမ်းမျှ လျှပ်စစ် ဓာတ်အားကီလိုဝပ် နာရီ သန်းပေါင်း ၁၄၀၉ သန်း ထုတ်လုပ်ကာ နိုင်ငံတော်ဓာတ် အားကွန်ရက် စနစ်မှ တစ်ဆင့် မြန်မာတစ်နိုင်ငံလုံးသို့ လျှပ်စစ်ဓာတ်အားများ ပို့လွှတ် ဖြန့်ဖြူး ပေးနိုင်ရေး ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသော စီမံကိန်း ဖြစ်ကြောင်း သိရသည်။

ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန၊ အမှတ်(၃) တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် နှင့် တာဝန်ရှိသူများသည် မေလ ၄ ရက်တွင် သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်) ပေါ်တွင် ဆောင်ရွက်ပြီး ရဲရွာရေအားလျှပ်စစ် စီမံကိန်းမှ (၇၉၀) မဂ္ဂါဝပ် ထုတ်လုပ်လျှက်ရှိရာ ဆက်လက်၍ အနာဂါတ် စီမံချက်များအနေဖြင့် နမ္မတူ (သီပေါ) စီမံကိန်း (၂၁၀) မဂ္ဂါဝပ်အား လည်းကောင်း၊ အလယ်ရဲရွာ စီမံကိန်း (၇၃၅) မဂ္ဂါဝပ်အားလည်းကောင်း၊ ဒီးဒုတ်စီမံကိန်း (၆၀) မဂ္ဂါဝပ်အားလည်းကောင်း ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်းသိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117