Connect with us

Asia

အမေရိကန် နိုင်ငံခြားဝန်ကြီး မိုက်ပွမ်ပီယို၏ အလည်အပတ်ခရီးစဉ်ကို အိန္ဒိယပြည်သူများ ဆန့်ကျင်ဆန္ဒပြ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် လှည့်လည်ဆန္ဒပြနေသူများအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို၏ အိန္ဒိယအလည်အပတ်ခရီးစဉ်ကို ရာနှင့်ချီသော အိန္ဒိယပြည်သူများက နယူးဒေလီ မြို့လယ်ခေါင်တွင် ဇွန် ၂၅ ရက်က လှည့်လည်ဆန္ဒပြခဲ့ကြရာ အမေရိကန်၏ အရှေ့အလယ်ပိုင်း မူဝါဒ၊ ကုန်သွယ်ရေးကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒနှင့် တစ်ဖက်သတ်မူဝါဒကို ပြစ်တင်ရှုံ့ချခဲ့ကြောင်း သိရသည်။

ဆန္ဒပြသူများက အီရန်ကို စစ်ဆင်မှုမပြုရန်နှင့် ကုန်သွယ်ရေးကိုယ်ကျိုးစီးပွားကာကွယ်မှုကို ဆန့်ကျင်ကြောင်း စသည့် စာသားများရေးသားထားသော ဆိုင်းဘုတ်စာတန်းများကို ကိုင်ဆောင်ထားကြပြီး “အီရန်ကို မစွက်ဖက်နဲ့” ၊ “အကျိုးစီးပွားအတွက် စစ်ပွဲလှုံ့ဆော်သူ အမေရိကန်ကို တွန်းလှန်ကြ”၊ “အမေရိကန်ရဲ့ ဖိအားပေးမှုကြောင့် အလျော့ပေးလိုက်လျောမှုမပြုနဲ့”ဟူသော ကြွေးကြော်သံများအော်ဟစ်ကာ လှည့်လည် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြသူ အချို့က အမေရိကန်၏ ဖိအားပေးမှုကြောင့် အီရန် ရေနံတင်သွင်းမှုကို အိန္ဒိယအစိုးရက ရပ်တန့်မှု မပြုရန် နှိုးဆော်တိုက်တွန်းခဲ့ကြသလို ၊ အချို့က ကျူးဘားနှင့် ဗင်နီဇွဲလား ပြည်တွင်းရေးကို အမေရိကန် မစွက်ဖက်ဖို့ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါဆန္ဒပြပွဲကို အိန္ဒိယတစ်နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးအဖွဲ့စသည့် အဖွဲ့အစည်းများက စုပေါင်းဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။ ဆန္ဒပြပွဲတွင် ဦးဆောင်သူ တစ်ဦးက “ကျွန်တော်တို့က အမေရိကန်၏ဗိုလ်ကျစိုးမိုးရေးဝါဒနဲ့နယ်ချဲ့ဝါဒကို ဆန့်ကျင်တယ်။ ပြီးတော့ အမေရိကန်၏ ဖိအားပေးမှုကြောင့် အိန္ဒိယအစိုးရက အလျှော့ပေးလိုက်လျောမှုများ မပြုဖို့ သတိပေးပါတယ်။ အမေရိကန်၏ မူဝါဒတွေက အိန္ဒိယ၏အကျိုးစီးပွားနှင့် ကိုက်ညီမှု မရှိဘူး”ဟု ဆိုသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုသည် ဇွန် ၂၅ ရက် ညပိုင်းက နယူးဒေလီကို ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ၊ ၎င်း၏ အိန္ဒိယအလည်အပတ်ခရီးမှာ ၃ ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ ထိုခရီးစဉ်တွင် မိုက်ပွမ်ပီယိုသည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒါမိုဒီ ၊နိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar တို့နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ မိုက်ပွမ်ပီယိုသည် မိုဒီ အစိုးရသစ် တာဝန်ထမ်းဆောင်သည့်ကာလတွင် အိန္ဒိယသို့ ပထမဆုံးအလည်အပတ်ခရီးစဉ် ရောက်ရှိလာသည့် အမေရိကန် အဆင့်မြင့်အရာရှိတစ်ဦး ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117