Connect with us

Politics, Law & Military

အရည်အသွေးထိန်းချုပ်မှု (QC )စစ်ဆေးသည့် တတိယ အဖွဲ့များ တာဝန်ပျက်ကွက်ပါက အမည်ပျက်စာရင်း သွင်းမည်

ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးကျော်လင်း ဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ)

တည်ဆောက်ရေး လုပ်ငန်းများတွင် အရည်အသွေး စစ်ဆေးရန် တာဝန်ပေးထားသည့် တတိယအဖွဲ့(third party) များ တာဝန်ပျက်ကွက်ပါက အမည်ပျက်စာရင်း (black list)သွင်းမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်းက ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ ပြောခဲ့သည်။

“ဝန်ကြီးဌာနအနေဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်တဲ့ တတိယ အုပ်စုများ ပြန်ပွားလာစေရန် တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရအဖွဲ့များသို့ Checklist များ ပေးပို့ ဆောင်ရွက်သွားမှာ ဖြစ် ပါတယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။

ဘုတလင်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဟန်ထွန်း မေးမြန်းနေစဉ် (ဆင်ဟွာ)

လွှတ်တော်၏ အတည်ပြုချက်အရ တစ်နိုင်ငံလုံးတွင်၇ှိသောလုပ်ငန်းများအားလုံးကို တတိယအဖွဲ့ (third party) ငှားရမ်းပြီး စစ်ဆေးရန်တာဝန်ပေးဖို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးထံ ညွှန်ကြားထားကြောင်း၊သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့များက တတိယ အဖွဲ့ကိစ္စကို စိစစ်ပြီး ဆောင်ရွက်ကြဖို့လည်း ညွှန်ကြားထားကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် ပြောသကဲ့သို့ လုပ်ငန်း အရည်အသွေး လာရောက် စစ်ဆေးခြင်းမ၇ှိသော တာဝန် ပျက်ကွက် သော တတိယ အဖွဲ့များအား သက်ဆိုင်ရာ အစိုးရအဖွဲ့များက နာမည်ပျက်စာရင်း သွင်းခြင်း၊ အဆိုပါ စာရင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ပေးပို့ထားခြင်း၊ ဝန်ကြီးဌာနက ထိုစာရင်းအား အများသိသာအောင် ဝက်ဘ်ဆိုဒ် တွင် တင်ခြင်း၊ နောင်နှစ် လုပ်ငန်းများတွင် အဆိုပါအဖွဲ့များအား တာဝန်မပေးတော့ခြင်း စသည်တို့ကို ဆောင်ရွက်စေကြောင်း၊ တတိယအဖွဲ့များကို ကြည့်ပါက သုံးမျိုး တွေ့ရကြောင်း၊ ပထမအမျိုးမှာမိမိတို့ကိုယ်ကို မိမိတို့ တကယ့် ပညာရှင်ကြီး များ အဖြစ် ခံယူပြီးစစ်ဆေးရာတွင် အာဏာပြခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ကြသည့် အဖွဲ့ဖြစ်ကြောင်း၊ နောက်တစ်မျိုးက လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီနှင့်ပူးပေါင်းပြီး လုပ်ငန်း အရည်အသွေးများ ကို အလျှော့ အတင်းအမျိုးမျိုးပြုလုပ်ကာ လုပ်ပိုင်ခွင့် အလွဲသုံးမှု လုပ်လေ့ရှိကြောင်း၊နောက်ဆုံး တစ်မျိုးက မှန်မှန်ကန်ကန် ဆောင်ရွက်သည့် အဖွဲ့ဖြစ်ကြောင်းလည်းဒုတိယ ဝန်ကြီးက ပြောကြားခဲ့ သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.