Connect with us

Politics, Law & Military

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၌ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၌ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၄ ရက် တွင် ရဲတပ်ဖွဲ့ဝင်များသည် ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်း(ပ)၄၀၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ (နိုင်ငံသားစိစစ်ရေးကဒ်အတုများ ကိုင်ဆောင်အသုံးပြုမှု)အမှုမှ တရားခံ ဇာနည်ဗလ(ခ)ကျော်စွာဝင်း(ခ)လင်းလင်းထက်(၄၇) နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ မသဇင်(ခ)စန္ဒာလင်းတို့(၂)ဦးသည် ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာနေ ရာဇာဗလ(၄၆)နှစ်ထံတွင် လက်ပစ်ဗုံး ၃ လုံးနှင့် သေနတ် ၁ လက် အပ်နှံထားကြောင်းသိရှိရသဖြင့် ၎င်း၏နေအိမ်သို့ သွားရောက်ရှာဖွေရာ 91 လက်ပစ်ဗုံး ၃ လုံး၊ စနက်တံ ၃ ခု၊ BK-703-0911 Caracal Int Abu Ahubi/U.A.E တံဆိပ်ပါ ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ 9 MM ကျည်ဆံ ၃ တောင့်တို့အား သိမ်းဆည်းရမိခဲ့သဖြင့် ဇာနည်ဗလ(ခ)ကျော်စွာဝင်း(ခ)လင်းလင်းထက်(၄၇)နှစ်နှင့် ရာဇာဗလ(၄၆)နှစ်တို့ ၂ ဦးအား ပုသိမ်ကြီးမြို့မရဲစခန်း(ပ)၄၂၈/၂၀၁၉၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့်အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)