Connect with us

International Organizations

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အာဖဂန်၌ ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲမှုများအပေါ် ပြစ်တင်ရှုတ်ချ

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်အားတွေ့ ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ အများပြည်သူ စည်ကားရာနေရာတစ်ခု နှင့် ပါဝမ်ပြည်နယ်( Parwan) ၌ ပြုလုပ်သော ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတစ်ခုတွင် ဖြစ်ပွားခဲ့သော အရပ်သားပြည်သူအများအပြားသေဆုံးခဲ့ရသည့် အသေခံဗုံးခွဲတိုက်ခိုက်မှုများအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က စက်တင်ဘာ ၁၇ ရက်တွင် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်သည်။

တာလီဘန်တို့၏ အသေခံဗုံးခွဲတိုက်ခိုက်မှု နှစ်ခုအတွင်း အနည်းဆုံး သေဆုံးသူ ၄၆ ဦး နှင့် ဒဏ်ရာရသူ ၇ဝ ဦးရှိကြောင်း သိရသည်။

အတွင်းရေးမှူးချုပ်ဂူတာရက်စ်က အာဖဂန်ပြည်သူများ ၊ အစိုးရ နှင့် သေဆုံးသူများ၏ မိသားစုဝင်များအတွက် အလွန်ဝမ်းနည်းကြေကွဲကြောင်း ပြောကြားခဲ့သည်ဟု ဂူတာရက်စ်၏ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric ၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

ဂူတာရက်စ်က အာဖဂန်နိုင်ငံသားများ ၊ မဲဆန္ဒရှင်များ ၊ ကိုယ်စားလှယ်လောင်းများ သို့မဟုတ် ရွေးကောက်ပွဲဝန်ထမ်းများ အားလုံးနေဖြင့် အကြောက်တရား ၊ အသေခံဗုံးခွဲမှုအန္တရာယ် နှင့် ပဋိပက္ခများမှ ကင်းလွတ်ခွင့်ရှိရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အရပ်သားများကို တိုက်ခိုက်ခြင်းမှာ လက်ခံနိုင်ဖွယ်မရှိကြောင်း နှင့် အဆိုပါ ပြစ်မှုမျိုးကျူးလွန်သူများအနေဖြင့် တာဝန်ခံရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပထမပေါက်ကွဲမှုသည် လက်ရှိသမ္မတ Mohammad Ashraf Ghani ကရွေးကောက်ပွဲ မယ်ဆွယ်မှုပြုလုပ်သည့် Parwan ပြည်နယ် Charikar မြို ့၌ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၄ ဦးသေဆုံးခဲ့ကြောင်း နှင့် အခြား ၃၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ဒုတိယပေါက်ကွဲမှုမှာ ကဘူးလ်မြို့၌ ဖြစ်ပွားခဲ့ပြီး ယင်းတိုက်ခိုက်မှုသည် ကာကွယ်ရေးဝန်ကြီးဌာနရုံးကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ၊ တိုက်ခိုက်မှုအတွင်း လူပေါင်း ၂၂ ဦး သေဆုံးပြီးအခြား ၃၈ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117