Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝီစီကျွန်း ၌ မီးတောင်ပေါက်ကွဲမှု ဖြစ်ပွား

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝီစီကျွန်း ရှိ Soputan မီးတောင်ပေါက်ကွဲနေစဉ်(ဆင်ဟွာ)

ဂျာကာတာ၊ ဇန်နဝါရီလ ၅ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ဆူလာဝီစီပြည်နယ် ရှိ Soputan မီးတောင် သည် ဇန်နဝါရီလ ၄ရက် ဒေသ စံတော်ချိန် ည ၈း၅၃ နာရီ ၌ ပေါက်ကွဲခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် လျော့ပါးသက်သာရေး အေဂျင်စီ (BNPB) ၏ ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho ကပြောကြားခဲ့သည်။

အာဏာပိုင်များသည် မီးတောင်အခြေအနေကို အဆင့် ၂ သတ်မှတ်ထား ရာမှ သတိအနေအထား အရေးကြီးသည့် အဆင့်(၃) သို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရသည်။

မီးတောင်ထိပ်ဝ မှ အရှေ့တောင်ဖက်သို့ဦးတည် မှုတ်ထုတ်လိုက်သော မီးခိုးပြာ များသည် ကောင်းကင် အထက် မီတာ ၂၀၀၀ ခန့််အထိ မြင့်တက်လျက်ရှိကြောင်း သိရသည်။ Sutopo က မီးတောင်ချော်ရည်များသည် မီးတောင်ထိပ်ဝ မှတဆင့် မိုးချုန်းသံများမြည်ဟည်းကာ အရှေ့ဖက် ဆင်ခြေလျှော အတိုင်း စီးကျလာကြောင်း ဆင်ဟွာ သတင်းဌာနသို့ပြောကြားခဲ့သည်။

မီးတောင် အခြေအနေ သည် သတိအနေအထား အဆင့်သို့ရောက်ရှိလာသောကြောင့် မီးတောင် ပတ်လည် ၄ကီလိုမီတာ အတွင်း၌ သွားလာလှုပ်ရှားမှု တစ်စုံတစ်ရာ မပြုလုပ်ရန် တားမြစ်ထားကြောင်း Sutopo ကဆိုသည်။

၎င်းမှ ဆက်၍ မီးတောင်ပြာများနှင့်ရောနှောနေသော မိုးရေများသည် Langowan နှင့် Minahasa ဧရိယာ များအတွင်းသို့ ရွာသွန်းခဲ့ပြီး ဒေသဆိုင်ရာ သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာရေး အေဂျင်စီက လည်း မီးတောင်ပြာနှင့်ရောနှောနေသည့် မိုး ရွာသွန်းခဲ့သော ဧရိယာများကို စောင့်ကြည့်လေ့လာ နေကြောင်း ပြောကြား ခဲ့သည်။

Sutopo ၏ ပြောကြားချက်အရ အင်ဒိုနီးရှားနိုင်ငံသည် Soputan၊ Bromo၊ Karangetang နှင့် Lokon အစရှိသည့် မီးတောင် ၄ခု အား သတိအနေအထားဖြင့် စောင့်ကြည့်လျက်ရှိပြီး Soputan မီးတောင်သည် နိုင်ငံအတွင်းရှိ အလှုပ်ရှားဆုံးသော မီးတောင် ၁၂၉ခု ၌ တစ်ခု အပါအဝင်ဖြစ်ကာ ယင်းမီးတောင်သည် လွန်ခဲ့သော နှစ် အနည်းငယ်အတွင်း အနည်းငယ် လှုပ်ရှားခဲ့သေးကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117