Connect with us

Asia

အာဖဂန်နစ္စတန်နိုင်ငံ ရှိ အိန္ဒိယကောင်စစ်ဝန်ရုံးအား အမည်မသိ လက်နက်ကိုင်အုပ်စု မှ တိုက်ခိုက်

အိန္ဒိယကောင်စစ်ဝန်ရုံးအား အမည်မသိ လက်နက်ကိုင်အုပ်စု က တိုက်ခိုက်မှုကြောင့် ရောက်ရှိလာသော အာဖဂန်လုံခြုံရေး တပ်ဖွဲ့များ အားတွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်၊ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း၊ ကဘူးလ်မြို့မှ ၃၀၅ ကီလိုမီတာ အကွာ တွင် တည်ရှိသော Mazar-e-Sharif မြို့ ရှိ အိန္ဒိယကောင်စစ်ဝန်ရုံး အား ဇန်နဝါရီလ ၃ရက်နေ့ ညပိုင်းတွင် အမည်မသိ လက်နက် ကိုင်အုပ်စု မှတိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

လက်နက်ကိုင် စစ်သွေးကြွ အုပ်စု သည် အိန္ဒိယကောင်စစ်ဝန်ရုံး အနီးရှိ နေအိမ်တွင် ညပိုင်း ၈း၄၅ နာရီ အချိန်၌ ပုန်းအောင်းနေ ပြီးနောက် ကောင်စစ်ဝန်ရုံးအား ရိုင်ဖယ် သေနတ်များ၊ လက်ပစ်ဗုံးများဖြင့် စတင် တိုက်ခိုက်ခဲ့ ကြောင်း ရဲအရာရှိ ရှာဖီဆာဒက် က သတင်းထောက်များအား ပြောကြားခဲ့သည်။

အမည်မဖော်လိုသူ လုံခြုံရေး အရာရှိ က ပစ်ခတ်မှု ဖြစ်စဉ်အတွင်း ကနဦးအခြေအနေအရ လုံခြုံရေး တပ်ဖွဲ့ဝင် ၄ဦး နှင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

၎င်းက တိုက်ခိုက်ခံရမှုတွင် အိန္ဒိယနိုင်ငံသား တစ်ယောက်မှ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘဲ အားလုံးကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးထားကြောင်း ဆက်လက် ပြောကြားခဲ့သည်။

၎င်းမှ ဆက်လက်၍ လက်နက်ကိုင် အုပ်စုသည် အရေအတွက် အားဖြင့် ၈ဦး မှ ၁၂ ဦး အထိ ရှိမည်ဖြစ်ပြီး အားလုံးသည် ရိုင်ဖယ် သေနတ်များနှင့် အသေခံဗုံးများတပ်ဆင်ထားသည့် အင်္ကိျီများကို ဝတ်ဆင်ထားကြောင်း ပြောကြားခဲ့သည်။
မည့်သည့်အဖွဲ့ ၏ တိုက်ခိုက်မှု ဖြစ်ကြောင်းကိုမူ မသိရှိရသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.