Connect with us

Asia

ဆိုးဆိုးဝါးဝါး လေထုညစ်ညမ်းမှုကြောင့် နယူးဒေလီတစ်မြို့လုံးရှိ စာသင်ကျောင်းများ ခေတ္တ ပိတ်ထားရ

နယူးဒေလီမြို့ မြင်ကွင်းတစ်ခုအား နိုဝင်ဘာ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ၊နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီတွင် ဆိုးဆိုးဝါးဝါးလေထုညစ်ညမ်းမှုများကြောင့် တစ်မြို့လုံးရှိစာသင်ကျောင်းများ ၅ ရက် ပိတ်ထားရန်  အစိုးရက နိုဝင်ဘာ ၁ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အနီးတဝိုက်ပြည်နယ်ဒေသများတွင် ကောက်ရိုးမီးရှို့မှုများပြုလုပ်နေသောကြောင့် မီးခိုးငွေ့များ မြို့တော်သို့ လွင့်မျောရောက်ရှိလာခြင်းဖြစ်ရာ လေထုညစ်ညမ်းမှုအခြေအနေ ဆိုးဝါးသောကြောင့် စာသင်ကျောင်းများ ၅ ရက် ပိတ်ထားရန် အမိန့်ထုတ်ပြန်ခြင်းဖြစ်ကြောင်း နယူးဒေလီ ဝန်ကြီးချုပ် Arvind Kejriwal၏ တွစ်တာလူမှုကွန်ရက်တွင် ဖော်ပြထားသည်။ 

နယူးဒေလီ လေထုညစ်ညမ်းမှုသည် အန္တရာယ် အဆင့်ကို ရောက်ရှိနေပြီဖြစ်ရာ အများပြည်သူကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း ၊ အထူးသဖြင့် ကလေးသူငယ်များအပေါ်ပို၍ သက်ရောက်မှုရှိကြောင်း အိန္ဒိယ သဘာ၀ပတ်ဝန်းကျင် ညစ်ညမ်းမှု ကြိုတင်ကာကွယ်ရေးနှင့်ထိန်းချုပ်ရေး ဌာနက သတ်မှတ်ထားသည်ဟု အိန္ဒိယမီဒီယာ ANI သတင်းဌာနက ဆိုသည်။အဆိုပါဌာနက လေထုညစ်ညမ်းမှုအရေးပေါ်အခြေအနေကြောင့် မြို့တော်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများကို ခေတ္တ ဆိုင်းငံ့ရန် ကြေညာခဲ့သည်။

နယူးဒေလီ အချို့ဒေသများတွင် PM2.5 ပါဝင်မှုသည် ပျမ်းမျှအားဖြင့် တစ်ကုဗမီတာလျှင် ၅၀၀ မိုက်ခရိုဂရမ်ရှိရာ ထို့ထက်ပို၍များနိုင်ဖွယ်ရှိကြောင်း အိန္ဒိယ ဗဟို လေထုညစ်ညမ်းမှုထိန်းချုပ်ရေး ကော်မရှင်၏ စမ်းစစ်ချက်ကိန်းဂဏန်းများတွင် ဖော်ပြထားကြောင်း သိရသည်။လေထုအခြေအနေဆိုးဝါးမှုကိုလျော့ချရန် နယူးဒေလီတွင် နိုဝင်ဘာ ၄ ရက်မှ ၁၄ ရက်အထိ  စက်တပ်ယာဉ်များ အကန့်အသတ်သွားလာရန် သတ်မှတ်ထားကြောင်းသိရသည်။Kejriwalက ယခုဆောင်ရွက်သည့် နည်းလမ်းမှ ၂၀၁၆ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ရာ လေထုညစ်ညမ်းမှု ၁၃ ရာခိုင်နှုန်းအထိ လျော့ကျသွားကြောင်း ဆိုသည်။ နှစ်စဉ် နိုဝင်ဘာ ၁ ရက့် ဝန်းကျင်တွင် ဒေလီ၏ လေထုညစ်ညမ်းမှုသည် အဆိုးဝါးဆုံးဖြစ်ပြီး  အကြောင်းအရင်းမှာ ဒီပါ၀လီ ရိုးရာပွဲတော်ကာလတွင် မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်း ၊အနီးရှိပြည်နယ်များ လယ်ယာကောက်ရိုး မီးရှို့ခြင်းများကြောင့် ဖြစ်ကြောင်း သိရသည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ထားသည့်ကိန်းဂဏန်းများအရ ၂၀၁၇ ခုနှစ် တစ်ကမ္ဘာလုံး လေထုညစ်ညမ်းမှုအဆိုးဝါးဆုံး မြို့ ၁၅ မြို့တွင် ၁၄ မြို့က အိန္ဒိယနိုင်ငံမှဖြစ်ပြီး  ကန်ပါ(Kanpur)မြို့က ပထမနေရာ၊ နယူးဒေလီမြို့က ဆဌမနေရာတွင်ရှိနေကြောင်း သိရသည်။(Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117