Connect with us

Politics

တရုတ်သမ္မတ ရှီကျင့်ဖိန် မြန်မာနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွက် ပေကျင်းမြို့မှ ထွက်ခွာလာ 

မြန်မာနိုင်ငံ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ မြန်မာနိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်အတွက် တရုတ်နိုင်ငံ ပေကျင်းမြို့မှ ယနေ့ ဇန်နဝါရီ ၁၇ ရက်တွင် ထွက်ခွာလာခဲ့ကြောင်း သိရသည်။ 

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့်အတူ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ၊ ဗဟိုအတွင်းရေးမှူးဌာန အတွင်းရေးမှူး နှင့် ဗဟို လုပ်ငန်းဆောင်ရွက်မှုရုံး ညွှန်ကြားရေးမှူး တင်းရွှဲရှန်(Ding Xuexiang) ၊ တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ၊ ပြည်ပရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ(Yang Jiechi) ၊ တရုတ်နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ  နှင့် တရုတ်ပြည်သူ့ နိုင်ငံရေးဆွေးနွေး ညှိနှိုင်းမှု ညီလာခံ အမျိုးသား ကော်မတီ ဒုတိယ ဥက္ကဋ္ဌ နှင့် အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ညွှန်ကြားရေးမှူး ဟယ်လိဖုန်း (He Lifeng) တို့ လိုက်ပါသွား ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117