Connect with us

Sino-Myanmar

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မြန်မာနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဇန်နဝါရီ ၁၈ ရက်တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ-ဆင်ဟွာ )

 နေပြည်တော်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မြန်မာနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ယနေ့ (ဇန်နဝါရီ ၁၈ ရက်) တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုသည် နှစ်နိုင်ငံ အလွှာပေါင်းစုံမှပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှုအပါအဝင် စစ်တပ်အချင်းချင်း ဖလှယ်မှုများပေါ် တွင်လည်း မူတည်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဇန်နဝါရီ ၁၇ ရက်က ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ၁၉ နှစ်တာကာလအတွင်း တရုတ်နိုင်ငံ သမ္မတ တစ်ဦးအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်ခြင်းလည်း ဖြစ်သည်။ (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117