Connect with us

Social, Education & Health

တရုတ်နိုင်ငံ သမ္မတ ရှှီကျင့်ဖိန် ဝူဟန့်မြို့ရှိ ပြည်သူများ၊ ရောဂါတိုက်ဖျက်ရေးရှေ့တန်း၌ စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများထံ သွားရောက်တွေ့ဆုံ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ မတ် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှှီကျင့်ဖိန်သည် မတ် ၁၀ ရက်တွင် COVID-19 ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး စစ်ဆေးမှုအတွက် ဟူပေပြည်နယ် ဝူဟန့်မြို့၊ ဟောဆန်ဆန်းဆေးရုံသို့ သွားရောက်စစ်ဆေးပြီးနောက် ၎င်းမြို့ရှိရပ်ကွက်တစ်ခုအတွင်း နေအိမ်၌ စောင့်ကြပ်ကြည့်ရှုခြင်းဖြင့် နေထိုင်ရသော ဒေသခံများထံ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်း ဖြစ်သူ ရှီကျင့်ဖိန်သည် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် ရပ်ရွာလူထုအခြေပြု ကြိုးပမ်းအားထုတ်မှုများနှင့် ပြည်သူများ၏ နေ့စဉ် မရှိမဖြစ်လိုအပ်ချက်များ ထောက်ပံ့မှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ရှီသည် ရပ်ရွာနေ ဒေသခံများနှင့် ရှေ့တန်း၌ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား အသိအမှတ်ပြု၊ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117