Connect with us

CHINA

တရုတ်နိုင်ငံ ဟူပေပြည်နယ်၌  ဧပြီ ၇ ရက်တွင် ထပ်တိုးအတည်ပြုလူနာမရှိဟု ဟူပေပြည်နယ် ကျန်းမာရေးကော်မရှင် ပြောကြား

တရုတ်နိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သော ဆေးဝန်ထမ်းများအား တွေ့ရစဉ်(ဆင်ဟွာ)

ဝူဟန့် ၊ဧပြီ ၈ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ ဟူပေပြည်နယ်တွင်  ဧပြီ၇  ရက် ဒေသစံတော်ချိန် ၀၀:၀၀ နာရီမှ ၂၄:၀၀ နာရီအထိ ပြည်နယ်အတွင်း COVID-19 ရောဂါ အတည်ပြုလူနာသစ် ထပ်မံတိုးလာခြင်းမရှိသလို ယင်းနေ့တွင် ပြည်ပမှဝင်ရောက်သော အတည်ပြုလူနာလည်း မရှိကြောင်း ဟူပေပြည်နယ် ကျန်းမာရေး ကော်မရှင်၏ ပြောကြားချက်များအရ သိရသည်။ 

ဟူပေပြည်နယ်တစ်ခုလုံး၌ ဧပြီ ၇ ရက်တွင် ထပ်တိုးသေဆုံးသူ  ၁ ဦး ရှိပြီး ၎င်းမှာ ဝူဟန့်မြို့မှ ဖြစ်ကြောင်း ၊ ကျန်ခရိုင်မြို့ ၁၆ ခုတွင် သေဆုံးသူ မရှိကြောင်းနှင့် ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်ခွင့်ရသူ ၆၉ ဦး ရှိကြောင်း သိရသည်။ 

၂၀၂၀ ပြည့်နှစ် ဧပြီ ၇ ရက် ဒေသစံတော်ချိန် ၂၄:၀၀ နာရီအထိ ဟူပေပြည်နယ်တစ်ခုလုံးတွင် အတည်ပြုလူနာ စုစုပေါင်း ၆၇,၈၀၃ ဦးရှိပြီး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းရသူ ၆၄,၁၄၂ ဦး၊ သေဆုံးသူ ၃,၂၁၃ ဦး  အသီးသီး ရှိကြောင်း သိရသည်။

လက်ရှိတွင် သတ်မှတ်သီးခြားကုသဆေးရုံများ၌ ကုသမှုခံယူနေသူ ၄၄၈ ဦးရှိပြီး ၎င်းတို့အနက် ရောဂါပြင်းထန်သူ ၈၄ ဦး၊ ရောဂါအလွန် ပြင်းထန်ပြီး အသက်အန္တရာယ်ရှိနိုင်သူ ၇၄ ဦး ရှိကြောင်း သိရသည်။ ယခုအခါ ထပ်တိုးသံသယလူနာနှင့် အတည်ပြုလူနာမရှိကြောင်း ၊ အနီးကပ် စောင့်ကြည့်ရန် လိုအပ်သူ စုစုပေါင်း ၂၇၉,၅၅၃ ဦးရှိပြီး ကျန်းမာရေးအခြေအနေစောင့်ကြည့်မှုခံယူနေသူ ၁,၆၅၈ဦး ရှိကြောင်း သိရသည်။  

ဟူပေပြည်နယ်တစ်ခုလုံးတွင် ရောဂါလက္ခဏာမပြ ထပ်တိုး ကူးစက်ခံရသူ ၃၀ဦးရှိပြီး ၎င်းတို့မှာ အတည်ပြုလူနာအဖြစ်ပြောင်းလဲခြင်းမရှိကြောင်း၊ သီးခြားထား ကျန်းမာရေးစောင့်ကြည့်မှုမလိုအပ်တော့သူ ၅၀ ဦး ရှိပြီး ကျန်းမာရေးအခြေအနေ စောင့်ကြည့်နေရဆဲ ရောဂါလက္ခဏာမပြ ကူးစက်ခံရသူ စုစုပေါင်း ၆၇၀ ဦး ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117