Connect with us

Asia

အင်ဒိုနီးရှား လေတပ်မှ တိုက်လေယာဉ် တစ်စင်း ပျက်ကျ

အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့၌ ၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့သော ၇၄ နှစ်မြောက် အင်ဒိုနီးရှား တပ်မတော်နေ့ အခမ်းအနားတွင် စွမ်းရည်ပြသနေသော တိုက်လေယာဉ် တစ်စင်းအား တွေ့ရစဉ်(ဆင်ဟွာ)

ကာတာ ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) 

အင်ဒိုနီးရှား လေတပ်မှ တိုက်လေယာဉ်တစ်စင်းသည် အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း Riau ပြည်နယ်၌ ယနေ့တွင် ပျက်ကျသွားခဲ့ကြောင်း ၊ သို့သော် ထိခိုက်သေဆုံးမှု မရှိကြောင်း အင်ဒိုနီးရှားလေတပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမလေတပ်ဦးစီးချုပ် Fajar Adriyanto က ပြောကြားခဲ့သည်။ 

စက်အင်ဂျင်ချို့ယွင်းမှုကြောင့် လေယာဉ် ပျက်ကျခဲ့ရခြင်းဟုဆိုသော်လည်း ယင်းမတော်တဆမှုနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို စုံစစမ်းစစ်ဆေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ 

“တိုက်လေယာဉ်ဟာ ပြန်ဆင်းမယ့် အချိန်မှာ စက်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုပေါ်လာတယ် ။ ဒါကြောင့် စက်ချို့ယွင်းလို့ ပျက်ကျမှုဖြစ်ရတာပါလို့ ပြောတာပါ ”ဟု  ပထမလေတပ်ဦးစီးချုပ်က ဆင်ဟွာသို့ တယ်လီဖုန်းဖြင့် ဖြေကြားခဲ့သည်။ 

ယင်းဖြစ်စဉ်သည် Kampar ခရိုင်၌ တိုက်လေယာဉ် နှင့် အခြားလေယာဉ် နှစ်စင်း လေ့ကျင့်ပျံသန်းမှုပြုလုပ်နေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “တိုက်လေယာဉ်မှူးကတော့ ဘေးအန္တရာယ်ကင်းပါတယ်။ ဒါပေမယ့် လေယာဉ် နဲ့ နေအိမ် အချို့တော့ ပျက်စီးသွားတယ်။”ဟု ၎င်းက ပြောကြားခဲ့ပြီး  ပျက်စီးဆုံးရှုံးမှုများအတွက် လေတပ်မှ လျှော်ကြေး ပေးသွားမည် ဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117