Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် COVID-19 ရောဂါ တိုက်ဖျက်ရေး စည်းလုံးညီညွတ်ခြင်းဆိုင်ရာ တရုတ်-အာဖရိက ထိပ်သီးအစည်းအဝေးတွင် အဆိုပြုချက်များ ပြုလုပ်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် COVID-19 ရောဂါ တိုက်ဖျက်ရေး စည်းလုံးညီညွတ်ခြင်းဆိုင်ရာ တရုတ်-အာဖရိက ထိပ်သီးအစည်းအဝေးတွင် သဘာပတိအဖြစ်ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှှီကျင့်ဖိန်သည် ဇွန် ၁၇ ရက်က ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်သည့် COVID-19 ရောဂါ တိုက်ဖျက်ရေး စည်းလုံးညီညွတ်ခြင်းဆိုင်ရာ တရုတ်-အာဖရိက ထိပ်သီးအစည်းအဝေး၌ မိန့်ခွန်းပြောကြားခဲ့ရာတွင် အောက်ပါအဆိုပြုချက်များကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

COVID-19 တိုက်ဖျက်ရေး အတူတကွလုပ်ဆောင်ရန် အခိုင်အမာဆောင်ရွက်သွားမည်ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် ယခုနှစ်အတွင်း အာဖရိက CDC ရုံးချုပ် တည်ဆောက်ရေးအတွက် လျာထားမှုကို စတင်လုပ်ဆောင်သွားမည် ဖြစ်သည်။ 

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး အခိုင်အမာလုပ်ဆောင်သွားမည်ဖြစ်သည်။ ကြီးမားသော ဦးစားပေးမှု လိုအပ်ချက်များသည် အများပြည်သူကျန်းမာရေး၊ စီးပွားရေးပြန်လည်ဖွင့်လှစ်ရေးနှင့် ပြည်သူများ၏ နေထိုင်မှုဘဝဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ပေးအပ်ရန်ဖြစ်သည်။

ထို့ပြင် နိုင်ငံစုံပါဝင်ရေးဝါဒကို အခိုင်အမာစောင့်ထိန်းသွားမည် ဖြစ်သည်။ တရုတ်နိုင်ငံသည် အာဖရိကနှင့်အတူ ကုလသမဂ္ဂကို ဗဟိုပြုထားသည့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးစနစ်ကို စောင့်ထိန်းရန်နှင့် ကမ္ဘာလုံးဆိုင်ရာ COVID-19 ရောဂါတုံ့ပြန်ရေးတွင် ကြီးမားသောအကူအညီဖြစ်စေရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကို ထောက်ခံရန် လုပ်ဆောင်သွားမည် ဖြစ်သည်။တရုတ်-အာဖရိက ချစ်ကြည်ရင်းနှီးမှု ရှေ့ဆက်ရန် ဆောင်ရွက်သွားမည် ဖြစ်သည်။  (Xinhua)