Connect with us

Politics, Law & Military

ဟောင်ကောင်တွင် “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” နှင့်အညီ ပညာရေးစနစ်တစ်ခု မြှင့်တင် တည်ထောင်ရေးကို ဆက်ဆံရေးရုံးက ထောက်ခံ 

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်တွင် ဗိုင်းရပ်စ်တိုက်ဖျက်ရေးနှင့် လူစုလူဝေးမပြုလုပ်ရန် သတိပေးပိုစတာ ချိတ်ဆွဲထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) ရှိ ဗဟိုပြည်သူ့အစိုးရ၏ ဆက်ဆံရေးရုံးက ဟောင်ကောင်တွင် “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” မူဝါဒနှင့်အညီ ပညာရေးစနစ်တစ်ခု တိုးမြှင့် တည်ထောင်ရေးအတွက် HKSAR အစိုးရကို အခိုင်အမာ ထောက်ခံကြောင်း ဇွန် ၁၂ ရက်က ပြောကြားလိုက်သည်။

လူငယ်လူရွယ်များ ရှင်သန်ကြီးပြင်းရန်အတွက် ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးရန် ဟောင်ကောင် လူ့အဖွဲ့အစည်းမှ ပူးတွဲအားထုတ်မှုများ ဆောင်ရွက်ကြရန် ဆက်ဆံရေးရုံး ပြောခွင့်ရပုဂ္ဂိုလ်က တိုက်တွန်းပြောကြားလိုက်သည်။

အမျိုးသားဥပဒေပြုလွှတ်တော်က ဟောင်ကောင်ဆိုင်ရာ အမျိုးသားလုံခြုံရေးဥပဒေဆုံးဖြတ်ချက်တစ်ရပ် ပြဌာန်းပြီးနောက် စာသင်ခန်းများကို သပိတ်မှောက်ရန် ဟောင်ကောင်ရှိ အစွန်းရောက်အုပ်စုများက ကျောင်းသားများအား မကြာသေးမီက လှုံ့ဆော်ခဲ့သည်။ HKSAR အစိုးရက ယင်းသို့ သွေးထိုးလှုံ့ဆော်မှုကို အခိုင်အမာ ဆန့်ကျင်ကြောင်းနှင့် စာသင်ကျောင်းများအား ထိုကိစ္စအပေါ် အလေးအနက် ကိုင်တွယ်ရန် ပြောကြားထားပြီး ကျောင်းသားများအနေဖြင့်လည်း ထိုကဲ့သို့လှုပ်ရှားမှုများတွင် ပါဝင်ခြင်းမပြုရန် တိုက်တွန်းခဲ့သည်။

ထို့ပြင် HKSAR အစိုးရအနေဖြင့် ကျောင်းပရဝုဏ် လုံခြုံရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းရန် ထိရောက်သော ဆောင်ရွက်ချက်များကို လုပ်ဆောင်ရာတွင် ဆက်ဆံရေးရုံးက ထောက်ခံသွားမည်ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117