Connect with us

WORLD

“ကွန်တုပ်ကွေး” ၊ “တရုတ်ဗိုင်းရပ်စ်” ဟုသုံးနှုန်းခြင်းမှာ မသင့်လျော်ကြောင်း အမေရိကန်နိုင်ငံတွင် စစ်တမ်းဖြေဆိုသူ ၆၆ ရာခိုင်နှုန်းကဆို

အမေရိကန်နိုင်ငံ နယူးယောက်မြို့ Times Square ရှိ လျှပ်စစ်ကြော်ငြာဘေလ်ဘုတ်ပေါ်တွင် ရောဂါကာကွယ်ရေးအတွက် လူချင်းခပ်ခွာခွာနေရမည့် သင်္ကေတများ ပြသထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

COVID-19 ရောဂါအား “ကွန်တုပ်ကွေး” (Kong flu) ၊ “တရုတ်ဗိုင်းရပ်စ်” ဟူ၍ ရည်ညွှန်းသုံးနှုန်းခြင်းမှာ သင့်လျော်မှုမရှိကြောင်း အမေရိကန်နိုင်ငံတွင် ကောက်ယူခဲ့သည့်စစ်တမ်းတစ်ခုအား မှတ်တမ်းတင်ထားသည့် ဖြေဆိုသူ ၆၆ ရာခိုင်နှုန်းက ပြောကြားကြောင်း သိရသည်။ 

အမေရိကန် မီဒီယာတစ်ခုဖြစ်သော The Hill နှင့် သုတေသနစစ်တမ်းကုမ္ပဏီ HarrisX တို့က ဇူလိုင် ၃ ရက်မှ ၄ ရက်အထိ အွန်လိုင်းမှကောက်ယူခဲ့သော လူထုသဘောထားစစ်တမ်းတွင် အမေရိကန်နိုင်ငံရှိ စစ်တမ်းဖြေဆိုသူ ၉၃၃ ဦး၏ အမြင်များကို စုစည်းကောက်ယူထားခြင်းဖြစ်သည်။ 

ဖြေဆိုသူများနက် ဒီမိုကရက်တစ်မဲဆန္ဒရှင် စစ်တမ်းဖြေဆိုသူ ၈၃ ရာခိုင်နှုန်း၊ တစ်သီးပုဂ္ဂလမဲဆန္ဒရှင် ၆၆ ရာခိုင်နှုန်းတို့က ထိုသို့အသုံးအနှုန်းများမှာ သင့်လျော်မှုမရှိဟု ထင်မြင်ကြောင်း ဖြေကြားခဲ့ပြီး ရီပက်ဘလစ်ကန်မဲဆန္ဒရှင် ဖြေဆိုသူ ၅၆ ရာခိုင်နှုန်းကမူ အဆိုပါ အသုံးအနှုန်းများမှာ “သင့်လျော်သည်” ဟုထင်မြင်ကြောင်း ဖြေကြားခဲ့ကြသည်ကို တွေ့ရသည်။ 

ထို့ပြင် လက်ရှိ စီမံအုပ်ချုပ်မှုကို မနှစ်သက်သူ ၈၉ ရာခိုင်နှုန်းက ယင်းသို့အသုံးအနှုန်းကို အသုံးပြုရန် မသင့်လျော်ဟု ထင်မြင်ကြောင်းနှင့် အခြား ၁၁ ရာခိုင်နှုန်းမှာမူ သင့်လျော်သည်ဟု ပြောကြားခဲ့သည်ကို စစ်တမ်း၌ တွေ့ရသည်။ 

စစ်တမ်းကောက်ယူမှုရလဒ်ကို ဖော်ပြလျက် သမ္မတ ဒေါ်နယ်ထရမ့်၏ ပြောစကားများသည် “အာရှ အမေရိကန်အသိုင်းအဝိုင်းကို ဆန့်ကျင်တဲ့ ပြစ်မှုတွေများလာမှုအတွက် တစ်စိတ်တစ်ပိုင်း လွှဲချခဲ့တာဖြစ်တယ်” ဟု The Hill ဝေဖန်ရေးသားခဲ့ကြောင်း သိရသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117