Videos
မောင်းသူမဲ့ ဈေးရောင်းယာဉ် နှင့် ပတ္တရောင် ကင်းလှည့်ယာဉ်များ စမ်းသပ်မောင်းနှင်
ထျန်းကျင်း ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ)
အသိဉာဏ်ဖြင့် အချင်းချင်းချိတ်ဆက်နိုင်သည့် စနစ်တပ်ဆင်ထားသော မောင်းသူမဲ့ယာဉ် (ICV) နှစ်စင်း ကို ထျန်းကျင်းမြို့ရှိပန်းခြံတစ်ခုအတွင်း စမ်းသပ်မောင်းနှင်ခဲ့သည်။
အဆိုပါ ICV ယာဉ်နှစ်စီးအနက် တစ်စီးမှာ လက်လီအရောင်းဆိုင်အသေးစားထည့်သွင်းထားသည့် ယာဉ်ဖြစ်ပြီး ကျန်တစ်စီးမှာ ပတ္တရောင် ကင်း လှည့်သည့် မော်တော်ယာဉ် ဖြစ်သည်။ မောင်းသူမဲ့ ဈေးရောင်းသည့် ယာဉ်သည် ဝယ်သူများနှင့်တွေ့ပါက အလိုအလျှောက် ရပ်တန့်နိုင်သည့်စနစ်ကိုထည့်သွင်းပေးထားသည်။
ငွေပေးချေမှုကို မိုဘိုင်း payment မှ တစ်ဆင့်ပြုလုပ်နိုင်သည်။ မောင်းသူမဲ့ ပတ္တရောင်ကင်းလှည့်ယာဉ်မှာ မြင်ကွင်း ၃၆၀ ဒီဂရီကို မြင်တွေ့နိုင်သည့် ကိရိယာများ တပ်ဆင် ထားသည်။ ၎င်းမှာ ၃၆ စတုရန်းမီတာအကျယ်ရှိသည့်ပန်းခြံတွင် မိနစ် ၂၀ အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးနိုင်ပြီး ရုပ်ထွက် မြင့်မားသည့် video ဖိုင်ကို ပြန်လည်ပေးပို့နိုင်သည့်စနစ်ကိုတပ်ဆင်ထားသည်။ ထျန်းကျင်းမြို့ရှိ ရှီချင်းခရိုင်တွင် အဆိုပါ မောင်းသူမဲ့ယာဉ်များဖြင့် စမ်းသပ်အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။ ၂၀၂၄ ခုနှစ်တွင် ခရိုင်အတွင်းရှိ လမ်း အရှည်ပေါင်း ၃၀၀ ကီလိုမီတာ ခန့်တွင် အဆိုပါ ယာဉ်များဖြင့် အသုံးပြုသွားလာနိုင်ရန်စီစဉ်ဆောင်ရွက်မည်ဟုသိရသည်။ (Xinhua)