Connect with us

Local

မြန်မာနိုင်ငံရှိ ပဲဈေးကွက်အတွင်း COVID-19 ရောဂါ ကာလဖြစ်သော်လည်း အရောင်းအဝယ် ခပ်ဖြည်းဖြည်းနှင့် ပုံမှန်ရှိ

ပဲများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) 

မြန်မာနိုင်ငံရှိ ပဲဈေးကွက်အတွင်း COVID-19 ရောဂါ ကာလဖြစ်သော်လည်း အရောင်းအဝယ် ခပ်ဖြည်းဖြည်းနှင့် ပုံမှန်ရှိကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့်  နှမ်းကုန်သည်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို ဇူလိုင် ၂၄ ရက်တွင်ပြောသည်။

”မတ်ပဲက မတ်လနဲ့ ဧပြီလကတည်းက ပေါ်တော့  အိန္ဒိယနဲ့ တခြားနိုင်ငံတချို့ကို တင်ပို့လိုက်တယ်။   COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလမှာ ပြည်ပတင် ပို့တာ  အခက်အခဲ တချို့ရှိပေမယ့်  ပုံမှန် ထက်မနည်းတင်ပို့နိုင်ပါတယ်။ စျေးကွက်ထဲမှာမတ်ပဲအဟောင်းနှင့် အသစ်လက်ကျန်   တန်ချိန် ၁ ဒသမ ၅ သိန်းလောက်ရှိပေမယ့် ဖြည်းဖြည်းချင်းအိတ်စပို့ပို့ရင်း ရောင်းလို့ ကုန်မှာပါ” ဟု ၎င်း တာဝန်ရှိသူကပြောသည်။ 

ဈေးကွက်အတွင်း မတ်ပဲဈေးနှုန်းများမှာ ယခင် သီတင်းပတ်ကာလနှင့် နှိုင်းယှဉ်လျှင် ငွေကျပ် ၁ဝဝဝ ခန့် ဈေးကျသွားကြောင်းနှင့် မတ်ပဲလက်ဝယ်ရှိသူများလည်း ဈေးနှုန်းအတက်ကို   ဆက်လက်စောင့်ဆိုင်းလျက် ရှိသောကြောင့်     မတ်ပဲအရောင်း အဝယ် အေးလျက်ရှိကြောင်း သိရသည်။

လက်ရှိ  မြန်မာနိုင်ငံမှ  မတ်ပဲအဓိက ဝယ်ယူလျက်ရှိသော အိန္ဒိယနိုင်ငံ၏ ပဲခွဲ စက်လုပ်ငန်းရှင်များ အသင်းက မြန်မာနိုင်ငံ မှ အိန္ဒိယနိုင်ငံသို့ မတ်ပဲ တင်ပို့ခွင့်ကာလ ကို ယခင် သတ်မှတ်ခဲ့သည့်အတိုင်း ၂ဝ၂၁ ခုနှစ် မတ်လသို့ တိုးမြှင့်သတ်မှတ်ပေးရန် ၎င်းတို့အစိုးရထံ တောင်းဆိုထားသောကြောင့် မတ်ပဲတင်ပို့ခွင့်ကာလ ထပ်တိုး လာဖွယ်ရှိသော်လည်းပြည်တွင်းမတ်ပဲ ဈေးနှုန်းမှာ တည်ငြိမ်လျက် ရှိကြောင်း သိရသည်။ ယခင်က မတ်ပဲဈေးအတက်ကို စောင့် ကြည့်၍ အရောင်းမရှိ ဖြစ်ခဲ့သော်လည်း ယခုအခါ လက်ရှိပေါက်ဈေးဖြင့် အရောင်းအဝယ်အနည်းငယ် ပြန်လည်ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။  (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117