Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့် အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြား 

တရုတ်နိုင်ငံ အလံ (ယာ) နှင့် အမေရိကန်နိုင်ငံ အလံများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဝေဘုန်းဟယ်သည် ဩဂုတ် ၆ ရက်က အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mark Esper ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံပြောကြားခဲ့ကြောင်း သိရသည်။ 

၎င်းတို့သည် နှစ်နိုင်ငံဆက်ဆံရေးနှင့် စစ်ဘက်ဆက်ဆံရေးအပြင် နောက်တစ်ဆင့် စစ်ရေးအပြန်အလှန်ဖလှယ်မှုများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ 

ယင်းသို့ ပြောကြားစဉ်အတွင်း ဝေက တောင်တရုတ်ပင်လယ်၊ ထိုင်ဝမ်နှင့် တရုတ်နိုင်ငံအပေါ် အမေရိကန်၏ ကဲ့ရဲ့ပြောဆိုမှုများ အပါအဝင် မေးမြန်းမှုများအပေါ် တရုတ်နိုင်ငံ၏ အခြေခံရပ်တည်ချက်ကို ပြောကြားခဲ့ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် မှားယွင်းသောစကားများနှင့် ဆောင်ရွက်ချက်များကို ရပ်တန့်ရန်၊ ပင်လယ်ရေကြောင်း အန္တရာယ်များ စီမံခန့်ခွဲရေးနှင့် ထိန်းချုပ်ရေး တိုးတက်ရန်၊ အရှိန်မြင့်လာဖွယ်ရှိသော အန္တရာယ်ရှိသော လှုပ်ရှားမှုများ ရှောင်ရှားရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။ 

Esper က နှစ်နိုင်ငံကြား တင်းမာမှုများကြားမှ နှစ်နိုင်ငံ စစ်တပ်များအနေဖြင့် ပဋိပက္ခများကို စီမံခန့်ခွဲရန်၊ မှားယွင်းစွာအကဲဖြတ်မှုကို ရှောင်ရှားရန်နှင့် အန္တရာယ်ရှိနိုင်ခြေများကို ရှောင်လွှဲရန် ဆွေးနွေးမှုနှင့် ညှိနှိုင်းတိုင်ပင်မှုများကို ထိန်းသိမ်းသွားသင့်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117