Connect with us

Politics, Law & Military

တရုတ် နိုင်ငံ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ယန်ကျဲ့ချီ က အမေရိကန် နိုင်ငံ အနေဖြင့် ခေတ်ကာလ ရေစီးကြောင်း ကို သိရှိနားလည်ပြီး တရုတ် နိုင်ငံ နှင့် အတူတကွ ဆောင်ရွက်ရန် ပြောကြား 

တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ၊ ပြည်ပရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ၊ ပြည်ပရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ  က သြဂုတ် ၇ ရက် ၌ “သမိုင်းဖြစ်စဉ် ကို လေးစား၍ အနာဂတ် ကို ဦးတည်ကာ တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်မှု ရရှိစေရန် ခိုင်မြဲစွာ ထိန်းသိမ်းသွားရမည်” ဟူသည့် ခေါင်းစဉ် ဖြင့် ဆောင်းပါး တစ်ပုဒ် ထုတ်ပြန် ခဲ့သည်။

ဆောင်းပါ တွင် အမေရိကန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူတကွ ညှိနှိုင်းဆောင်ရွက်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ပြီး တရုတ်-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး တည်ငြိမ်မှု ရရှိစေရန် ကို အခြေခံကာ နှစ်နိုင်ငံ ဆက်ဆံရေး အား မှန်ကန်သည့် လမ်းကြောင်း ပေါ် သို့ ပြန်လည် ရရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် ခေါင်းပုံချခြင်း ကို ရပ်ဆိုင်းရမည် ဖြစ်ပြီး နိုင်ငံကြီး တစ်နိုင်ငံ တာဝန်ယူသင့်သော နိုင်ငံတကာ လုပ်ငန်းတာဝန် ကို ထမ်းဆောင်ကာ နိုင်ငံတကာ အသိုင်းအဝိုင်း နှင့် အတူတကွ ကမ္ဘာ့ကပ်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ကို တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ၏ အပြန်အလှန် အဓိက အကျိုးစီးပွား နှင့် အရေးပါသည့် ကိစ္စရပ်များ အပေါ် လေးစားရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မိမိ နိုင်ငံ ၏ အချုပ်အခြာအာဏာ ၊ လုံခြုံရေး နှင့် အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်မှု တို့ကို ကာကွယ်မည့် ဆုံးဖြတ်ချက် က လွန်စွာ ခိုင်မြဲကြောင်း ၊ မဟာဗျူဟာ ဆုံးဖြတ်ချက် မှားယွင်းခြင်း ကို ရှောင်ရှားရမည် ဖြစ်ပြီး သဘောထား ကွဲလွဲမှု ကို ထိန်းချုပ် ကာ ညှိနှိုင်းဆောင်ရွက်မှု ဖြင့် ပူးပေါင်းဆောင်ရွက်ကာ အငြင်းပွားမှု ကို ကိုင်တွယ်ဖြေရှင်းသွားရမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့သွားပြီး နှစ်နိုင်ငံ ပြည်သူလူထု နှင့် ကမ္ဘာ့ နိုင်ငံ အသီးသီး ရှိ ပြည်သူလူထု တို့ အကျိုးစီးပွား ပိုမို ဖြစ်ထွန်းအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ တရုတ်-အမေရိကန် နှစ်နိုင်ငံ ပြည်သူလူထု အကြား ချစ်ကြည်ရေး သည် အမေရိကန် နိုင်ငံ ရှိ နိုင်ငံရေး သမား အချို့ ၏ ဆောင်ရွက်မှု ဖြင့် ပျက်စီး သွားမည် မဟုတ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဆက်လက်၍ နှစ်နိုင်ငံ ပြည်သူလူထု အကြား ကဏ္ဍ အသီးသီး ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခြင်း ကို ထောက်ခံသွားမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

ထို့ပြင် ဆောင်းပါး ၌ တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ ၏ ဆုံးဖြတ်ချက် ချမှတ်သူများအား သမိုင်းကြောင်း အား လေးစားပြီး ခေတ်ရေစီးကြောင်း အခြေအနေ ကို သိရှိနားလည်စေလိုကြောင်း ၊ အမေရိကန် နိုင်ငံ နယ်ပယ်အသီးသီး မှ ပညာရှင်များ ၏ ပြောဆိုမှု ကို တည့်မတ်စွာ ရှုမြင်ကာ ကမ္ဘာ့ နိုင်ငံ အသီးသီး ၏ တိုက်တွန်းမှု ကို နားထောင်ရမည် ဖြစ်ကြောင်း ၊ အမှားအယွင်း အား ပြင်ဆင်၍ မှန်ကန်သည့် လမ်းကြောင်း ပေါ်သို့ ပြန်လည်ပြင်ဆင်ကာ တရုတ် နိုင်ငံ နှင့် အတူတကွ ရှေ့ဆက် လျှောက်လှမ်းသွားရမည် ဖြစ်ကြောင်း ၊ အပြန်အလှန် လေးစားမှု ထားရှိသည့် အခြေခံအောက် တွင် သဘောထား ကွဲလွဲမှု ကို ထိန်းချုပ်ကာ အပြန်အလှန် အကျိုးဖြစ်ထွန်းစေသည့် အခြေခံအောက် တွင် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်သွားပြီး တရုတ်-အမေရိကန် ဆက်ဆံရေး ကောင်းမွန် မှန်ကန် သည် လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိအောင် တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။  (Xinhua)