Connect with us

Politics, Law & Military

 တရုတ်နိုင်ငံက အမေရိကန်နိုင်ငံ ပြည်တွင်းရေးကို စိတ်မဝင်စားကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား 

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ မဲရုံတစ်ခုတွင် ၂၀၂၀ ပြည့်နှစ် ဇွန် ၂၃ ရက်က မဲပေးနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

 ပေကျင်း ၊ ဩဂုတ် ၁၁ ရက်(ဆင်ဟွာ) 

 တရုတ်နိုင်ငံသည် အမေရိကန်ရွေးကောက်ပွဲအား လွှမ်းမိုးရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း  အမေရိကန် ထိပ်တန်း ထောက်လှမ်းရေး အရာရှိတစ်ဦး၏ ထုတ်ပြန်ချက်အပေါ် တရုတ်နိုင်ငံအနေဖြင့် အမေရိကန်သမ္မတရွေးကောက်ပွဲအား လုံးဝ စိတ်ဝင်စားခြင်းမရှိကြောင်း နှင့် မည်သည့်အခါမျှ ဝင်ရောက်စွက်ဖက်ခဲ့ခြင်းမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ဩဂုတ် ၁၀ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။ 

 အဆိုပါ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း(Zhao Lijian) က သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားရာ၌ အမေရိကန်နိုင်ငံရှိ အချို့သူများသည် တရုတ်နိုင်ငံအား အမေရိကန် နိုင်ငံ ပြည်တွင်းရေးအတွင်းသို့ ဆွဲခေါ်နေခြင်းကို ရပ်သင့်ကြောင်း ၊ ၎င်းတို့ နိုင်ငံ၏ ပုံရိပ် နှင့် ၎င်းတို့ ဂုဏ်သိက္ခာ အတွက် တာဝန်ယူမှု ရှိရှိ လုပ်ကိုင်ရန် တိုက်တွန်းကြောင်း နှင့် တရုတ်နိုင်ငံအပေါ် မဟုတ်မမှန် ပြောဆိုနေခြင်းအား ရပ်တန့်ရန် တိုက်တွန်း ပြောကြားခဲ့သည်။ 

 “ တရုတ်-အမေရိကန် ဆက်ဆံရေးမှာ ပဋိပက္ခမဖြစ်စေရေး ၊ ထိပ်တိုက်ရင်ဆိုင်မှု မရှိစေရေး ၊ အပြန်အလှန်လေးစားမှုနဲ့ win-win ပူးပေါင်းဆောင်ရွက်ရေး ၊ ပြီးတော့ ကျနော်တို့ရဲ့ အချုပ်အခြာအာဏာ ၊ လုံခြုံရေး နဲ့ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို  အခိုင်အမာ ကာကွယ်ထိန်းသိမ်းရေး စတဲ့အချက်တွေ အပေါ်မှာပဲ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ခိုင်မာဖို့ ကျွန်တော် ကတိကဝတ်ပြုထားပါတယ် ”ဟု ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ပြောကြားခဲ့သည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117