Connect with us

CHINA

ပေကျင်းမြို့ရှိ အကြီးဆုံး ဟင်းသီးဟင်းရွက် လက်ကားဈေးကြီး အပြည့်အဝ ပြန်လည်ဖွင့်လှစ်

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ ရှင်းဖားတိ လက်ကားဈေးကြီးတွင် ကုန်စည်များ တင်ပို့နေသည့် ကုန်သည်တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တော် ရှင်းဖားတိဈေးတွင် ဟင်းသီးဟင်းရွက်လက်ကားရောင်းဝယ်သောနေရာကို COVID-19 ကူးစက်ရောဂါ တစ်ကျော့ပြန်ဖြစ်ပွားမှုကြောင့် ယာယီပိတ်ထားရာမှ စက်တင်ဘာ ၆ ရက်တွင် အပြည့်အဝ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဈေးကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းများအားလုံး ပြန်လည်စတင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ  ရှင်းဖားတိ လက်ကားဈေးကြီးအတွင်း ခရမ်းချဉ်သီးရောင်းဝယ်သောနေရာတွင် ခရမ်းချဉ်သီးရောင်းချနေသည့် ကုန်သည်များအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ  ရှင်းဖားတိ လက်ကားဈေးကြီးအတွင်း ကန်စွန်းဥရောင်းဝယ်သော နေရာ၌  ကန်စွန်းဥများ ထုပ်ပိုးနေသည့် ကုန်သည်တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ဈေးကြီးကို အောက်တိုဘာလဆန်းပိုင်းတွင် ကျရောက်မည့် အမျိုးသားနေ့ အားလပ်ရက်မတိုင်မီ ရောင်းဝယ်မှုများအားလုံး အပြည့်အဝလုပ်ကိုင်နိုင်မည်ဟု မျှော်မှန်းထားသည်။ဈေးကြီးပြန်လည်ဖွင့်လှစ်ပြီးနောက် လက်လီစီးပွားရေးလုပ်ငန်းများကိုမူ ရပ်နားထားပြီး တစ်ဦးချင်းဈေးဝယ်သူများကိုလည်း ရပ်နားထားကြောင်း၊ ရောင်းသူနှင့် ဝယ်သူများအားလုံးအနေဖြင့် ဈေးအတွင်းသို့ မဝင်ရောက်မီ နာမည်အစစ်အမှန်ကို ဖြည့်သွင်းရန်လိုအပ်ကြောင်း သိရသ  (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117