MYANMAR
COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂,၀၁ ဦးထပ်တိုး ၊ တစ်ရက်တည်း လူနာသစ် ဦးရေအများဆုံး ပမာဏဖြစ်
ရန်ကုန် ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ)
COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးချက်များအရ အတည်ပြုလူနာသစ် ၂၀၁ ဦးအား စစ်ဆေးတွေ့ရှိရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ နံနက်ပိုင်း အချိန် ထုတ်ပြန်ခဲ့ပြီး စက်တင်ဘာ ၁၂ ရက်အတွက် လူနာသစ် စုစုပေါင်း ၃၅၁ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် စက်တင်ဘာ ၁၂ ရက်အတွက် ဓာတ်ခွဲနမူနာ စုစုပေါင်း ၄,၁၂၀ ခုအား စစ်ဆေးခဲ့ပြီး စက်တင်ဘာ ၁၂ ရက် ညပိုင်းတွင် အတည်ပြုလူနာသစ် ၁၅၀ ဦး ၊ ယနေ့ နံနက်ပိုင်းတွင် အတည်ပြုလူနာသစ် ၂၀၁ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ယခုအခါတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂,၇၉၆ ဦး ရှိပြီဖြစ်ကာ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း ၆၇၆ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ၊ ဓာတ်ခွဲအတည်ပြုလူနာများအနက် စက်တင်ဘာ ၁၂ ရက်အထိ သေဆုံးသူပေါင်း ၁၆ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)