Connect with us

Videos

ကမ္ဘာ့ပထမဆုံး 5G နည်းပညာသုံး ခေါက်နိုင်ဖြန့်နိုင်သည့်ဖုန်းအမျိုးအစားကို ဝူဟန့်တွင် ထုတ်လုပ်

ဝူဟန့်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) 

ကမ္ဘာ့ ပထမဆုံး 5G နည်းပညာသုံး မိုဘိုင်းဖုန်းအမျိုးအစားဖြစ်သည့် Motorola Razr 5G ဖုန်းကို တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန့်မြို့တွင် စက်တင်ဘာ ၁၀ ရက်မှ စတင် ကာ ထုတ်လုပ်နေပြီဖြစ်သည်။အဆိုပါဖုန်းကို ဝူဟန့်မြို့ရှိ Lenovo စက်ရုံတွင် ထုတ်လုပ်ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံနှင့်ဒေသပေါင်း ၁၆၀ ကျော်သို့ တင်ပို့ရောင်းချသွားရန်စီစဉ်ထားသည်။

ထုတ်လုပ်ရေးစက်ရုံများသည် ကမ္ဘာ့ ပထမဆုံး ခေတ်မီ စက်ရုံများဖြစ် သော ကြောင့် 5G မြန်နှုန်းမြင့်နည်းပညာဖြင့်  အခြေခံကာ Quantum နည်းပညာအားအသုံးပြုပြီး မိုဘိုင်းဖုန်းအား ထုတ်လုပ်ခြင်း နှင့်အတူ စမ်းသပ်ခြင်းနှင့်အရည်အသွေး စစ်ဆေးခြင်းများကို ပြုလုပ်ကာ ထုတ်လုပ်နေခြင်းဖြစ်သည်။ 

ထုတ်လုပ်ရေးလုပ်ငန်းစဉ်တစ်ခုလုံး အောင်မြင် ထိရောက်မှုရှိစေရန် လွယ်ကူစွာညှိနှိုင်းထုတ်ပိုးနိုင်သည့် စနစ်ကို အသုံးပြုထားသည်။ 5G နည်းပညာသည် ဒေသတွင်း သတင်းအချက်အလက် စုဆောင်းခြင်းနှင့် ထိန်းချုပ်ခြင်းကိုလုပ်ဆောင်နိုင်သည်။ ထုတ်လုပ်ရေးလုပ်ငန်းမှာ စမတ်နည်းပညာဖြင့် Big data နှင့် AI စနစ်များထောက်ပံ့ထားမှုကြောင့် အရည်အသွေးနှင့် လုံခြုံစိတ်ချရမှု အာမခံချက်အပြည့်ရှိကြောင်းသိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.