Connect with us

Media

မြန်မာ့အရည်အသွေးမြင့်စိန်တလုံးသရက်သီးများကို တရုတ်ဈေးကွက် အထူးအားပေးကြိုဆို

ယူနန်၊ မေ ၁၃ ရက် (ဆင်ဟွာ)
မကြာသေးမီရက်များတွင် မြန်မာ့အရည်အသွေးမြင့် စိန်တလုံးသရက်သီးများသည် တရုတ်-မြန်မာ နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်ဈေးကွက်သို့ လျင်မြန်စွာဝင်ရောက်ခဲ့သည်။ နှစ်စဉ် ဧပြီလမှ ဇူလိုင်လသည် စိန်တလုံးသရက်သီး အထွက်နှုန်း အကောင်းဆုံးကာလဖြစ်ပြီး ယခုနှစ် အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်း ပိုမိုမြန်ဆန်လာခြင်းနှင့် တင်ပို့မှုပမာဏ ပိုမိုကြီးမားလာခြင်း အလားအလာများ ပြသနေပေသည်။
ယင်းအနက် ယူနန်ပြည်နယ် လျင်ချန်းမြို့အတွင်းရှိ မိန်းတိန်-ချင်းရွှေဟော် နယ်စပ်ဂိတ်က တင်သွင်း သစ်သီးဝလံများအတွက် သတ်မှတ်ထားသော ကြီးကြပ်စစ်ဆေးရေးစခန်းကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလက စစ်ဆေးအတည်ပြုပြီး အသုံးပြုချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် တန်ချိန် ၁၄ တန်ရှိသော သရက်သီးများ အကောက်ခွန်ရှင်းလင်းတင်သွင်းခဲ့ခြင်း ဖြစ်သည်။

ဝမ်တိန်ဂိတ် မောင်မန်လမ်းကြောင်းတွင်လည်း စိန်တလုံးသရက်သီး ၇၂ တန် ပြည်ဝင်ရောက်လာပြီးနောက် ၎င်းသရက်သီးများကို ကူမင်း၊ ချိန်တူး၊ ချုံချင့် စသည့် မြို့ကြီးများသို့ အလျင်အမြန် ဆက်လက်ပို့ဆောင်ပေးခဲ့သည်။

စိန်တလုံးသရက်သီးသည် အချိုဓာတ်မြင့်မားခြင်း၊ အမျှင်နည်းပါးခြင်း၊ အခွံပါး၍ အသားထူခြင်း၊ ရနံ့မွှေးကြိုင်ခြင်းတို့ကြောင့် နာမည်ကျော်ပြီး စိန်တလုံးသရက်သီး ထွက်နှုန်းမြင့်ချိန်နှင့် တရုတ်ပြည်တွင်း သစ်သီးဝလံများ ထွက်ရှိသည့်ရာသီတို့မှာ အပြန်အလှန် ဖြည့်စွက်ပေးခြင်းကြောင့် တရုတ်နိုင်ငံ စားသုံးသူများက အထူးနှစ်သက်အားပေးကြပေသည်။ (Xinhua)