Connect with us

MYANMAR

နိုင်ငံတော်၏ ထောက်ပံ့မှုများကို မှန်မှန်ကန်ကန် မဆောင်ရွက်ပါက အရေးယူသွားမည် ဟုဆို

နှာခေါင်းစည်းဖြင့်အလုပ်လုပ်နေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

နိုင်ငံတော် အစိုးရ၏ အခြေခံ လူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့မှုအစီအစဉ်များကို သက်ဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်က ဆောင်ရွက်ကြရာတွင် ပမာဏနှင့် မှန်ကန်စွာ ဆောင်ရွက်ခြင်း မရှိပါက အရေးယူ သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယနေ့ ညနေပိုင်းတွင် အတည်ပြု ပြောကြားခဲ့သည်။

“ထောက်ပံ့မယ့် ပမာဏနဲ့ မှန်ကန်စွာ ဆောင်ရွက်ခြင်း မရှိတဲ့အပေါ်သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ် အစိုးရအဖွဲ့တို့ရဲ့ ကြီးကြပ်မှုနဲ့ လိုအပ်သလို အရေးယူ ဆောင်ရွက်နိုင်ရေး ဆက်လက် ညှိနှိုင်း ဆောင်ရွက်သွားပါမယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

မီဒီယာများ၏ မေးမြန်းချက်အပေါ် အိမ်တော် သတင်းထောက်များ စာမျက်နှာမှ တစ်ဆင့် ဖြေကြားရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် အခြေခံ လူတန်းစား အိမ်ထောင်စု များအား သုံးကြိမ် ထောက်ပံ့ခဲ့ရာ ပထမ အကြိမ် အခြေခံ စားကုန် ငါးမျိုးနှင့် ငွေကျပ် တစ်သောင်းခွဲ ထောက်ပံ့မှု အစီအစဉ်တွင် အိမ်ထောင်စု ၅ ဒသမ ၄ သန်းအား ကျပ် ၇၂ ဒသမ ၅ ဘီလီယံ၊ ဒုတိယ အကြိမ် အဖြစ် ငွေကျပ် လေးသောင်းအား နှစ်သောင်းကျပ်စီ နှစ်ကြိမ်ခွဲ၍ ထောက်ပံ့ခဲ့ရာ အိမ်ထောင်စုပေါင်း ၅ ဒသမ ၅ သန်း ခန့်အတွက် ကျပ် ၂၁၈ ဒသမ ၃ ဘီလီယံ၊ ယခု တတိယ အကြိမ် ထောက်ပံ့မှုတွင် အိမ်ထောင်စုပေါင်း ၅ ဒသမ ၇ သန်း ခန့်အား ငွေကျပ် နှစ်သောင်းစီဖြင့် ကျပ် ၁၁၄ ဘီလီယံ ထောက်ပံ့လျက်ရှိကြောင်း နှင့် လက်ရှိတွင် တတိယ အကြိမ် ထောက်ပံ့မှုကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း ၎င်း၏ ဖြေကြားချက်တွင် ဖော်ပြ ပါရှိသည်။ (Xinhua)