Connect with us

Science & Technology

ကမ္ဘာ့အသိဉာဏ်ဆိုင်ရာကွန်ဂရက်ကို ၂၀၂၁ ခုနှစ် မေလတွင် ထျန်းကျင်းမြို့၌ ကျင်းပမည်

စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အသိဉာဏ်ဆိုင်ရာကွန်ဂရက် ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ပဉ္စမအကြိမ်မြောက် ကမ္ဘာ့အသိဉာဏ်ဆိုင်ရာကွန်ဂရက် (World Intelligence Congress (WIC)) ကို တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် ၂၀၂၁ ခုနှစ် မေလတွင် ကျင်းပသွားမည် ဖြစ်ကြောင်း ထျန်းကျင်းမြူနီစီပယ်အစိုးရ ပြောကြားချက်အရ သိရသည်။

WIC သည် ဉာဏ်ရည်တုကဏ္ဍကို အလေးပေးသော နိုင်ငံအဆင့်ကျင်းပသော အဆင့်မြင့်ပြပွဲတစ်ခုဖြစ်သည်။ လွန်ခဲ့သည့် လေးနှစ်အတွင်း WIC သို့ ပြည်တွင်းနှင့် ပြည်ပမှ သိပ္ပံပညာရှင်များ၊ စီးပွားရေးစွမ်းဆောင်ရှင်များ၊ ပညာရှင်များ၊ ငွေကြေးဆိုင်ရာလုပ်ငန်းရှင်များ ၁၀,၀၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ပြီး စမတ်နည်းပညာ လမ်းကြောင်းများနှင့် အနာဂတ်အကြောင်း ဆွေးနွေးခဲ့ကြသည်။

စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အသိဉာဏ်ဆိုင်ရာကွန်ဂရက်ကို ထျန်းကျင်းမြို့တွင် ဇွန်လက ကျင်းပခဲ့ပြီး စီမံကိန်းသဘောတူစာချုပ် ၁၄၈ ခုကို အွန်လိုင်းမှတစ်ဆင့် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။  (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117