Connect with us

Environment, Disasters & Accidents

အပူပိုင်းမုန်တိုင်း “နန်က” (Nangka) ၏ အကြွင်းအကျန်တိမ်တိုက်များရွေ့လျားမှုကြောင့် ထူးခြားမိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်

မွန်ပြည်နယ်တွင် မိုးရွာပြီးနောက်ရေကြီးရေလျှံဖြစ်ပွါးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

အပူပိုင်းမုန်တိုင်း “နန်က” (Nangka) ၏ အကြွင်းအကျန်တိမ်တိုက်များ အနောက်ဘက်သို့ ရွေ့လျားလာမှုကြောင့် အောက်တိုဘာ ၁၅ ရက်မှ အောက်တိုဘာ ၁၉ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ထူးခြားမိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက ဆင်ဟွာသို့ အောက်တိုဘာ ၁၄ရက်တွင်ပြောသည်။

“မုန်တိုင်းရဲ့ အကြွင်းအကျန်တိမ်တိုက်တွေကြောင့် ထူးခြားမိုးလေဝသဖြစ်စဉ် ပေ့ါ။ မိုးကြီးတာ၊လေပြင်းတိုက်တာ၊မိုးကြိုးပစ်တာတွေဖြစ်နိုင်တယ်။ မုတ်သုံကဒီလ ၁၈ ရက်မှာ ထွက်နိုင်တယ် လို့မှန်းထားတော့ မုတ်သုံထွက်ချိန် မိုးကြီးတာဖြစ်လို့ သတိထားဖို့လိုအပ်ပါတယ်’’ ဟု ၄င်းကဖြည့်စွက်ပြောကြားသည်။

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်းသိရသည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိနိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေ မှ (၈)ပေခန့် ရှိနိုင်ကြောင်းမိုးဇလမှ သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117