Connect with us

North America

ပဲရစ်သဘောတူညီချက်မှ အမေရိကန်နိုင်ငံ တရားဝင်နုတ်ထွက်

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အမေရိကန်နိုင်ငံသည် နိုဝင်ဘာ ၄ ရက်တွင် ပဲရစ်သဘောတူညီချက်မှ တရားဝင်နုတ်ထွက်လိုက်ပြီး ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် ကမ္ဘာလုံးဆိုင်ရာအစီအစဉ်ကို နိုင်ငံပေါင်း ၂၀၀ နီးပါး လက်မှတ်ရေးထိုးထားသည့်ကြားမှ နုတ်ထွက်သွားခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏နိုင်ငံအနေဖြင့် ပဲရစ်သဘောတူညီချက်မှ နုတ်ထွက်မည်ဖြစ်ကြောင်း ၂၀၁၇ ခုနှစ် ဇွန်လက ကြေညာခဲ့သည်။ အဆိုပါ သဘောတူညီချက်အရ လက်မှတ်ရေးထိုးထားသည့်နိုင်ငံများအနေဖြင့် သဘောတူညီချက် အသက်ဝင်ပြီး သုံးနှစ်အကြာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၄ ရက်တွင် နုတ်ထွက်ရန် တရားဝင်တောင်းဆိုနိုင်ကြောင်း၊ ယင်းနောက် အကြောင်းကြားစာရရှိပြီးနောက် တစ်နှစ်အကြာတွင် နုတ်ထွက်မှု အသက်ဝင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အမေရိကန်သည် ယခုနှစ် နိုဝင်ဘာ ၄ ရက်တွင် ပဲရစ်သဘောတူညီချက်မှ တရားဝင်နုတ်ထွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထရမ့်သည် သမ္မတတာဝန်ယူပြီးနောက် မကြာမီတွင် ပဲရစ်သဘောတူညီချက်က အမေရိကန်နိုင်ငံ၏ စီးပွားရေးကို ခြိမ်းခြောက်လျက်ရှိကြောင်း ပြောကြားလျက် သဘာတူညီချက်မှ နုတ်ထွက်မည့်အကြောင်းကို ကြေညာခဲ့သည်။
ထရမ့်အစိုးရသည် ဖန်လုံအိမ်ဓာတ်ငွေ့များ လေထုထဲသို့ ပိုမိုထုတ်လွှတ်လျက်ရှိသော ကျောက်မီးသွေးစက်ရုံများကို ထောက်ပံ့နိုင်ရန် သမ္မတဟောင်း အိုဘားမားလက်ထက်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများကို ဖျက်သိမ်းလိုက်ခြင်းလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.