Connect with us

Politics, Law & Military

ကျပ် ၂ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ နောင်ချိုမြို့နယ်၌ ဖမ်းဆီးမိ

စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် အတူ ဖမ်းဆီးရမိသူအား တွေ့ရစဉ်(ဓာတ်ပုံ - CCDAC Myanmar)

ရန်ကုန် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်မှ နောင်ချိုမြို့နယ်သို့ သယ်ဆောင်လာသည့် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar)က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

မူဆယ်-မန္တလေးသွားကားလမ်း၊ နောင်ချိုမြို့နယ်၊ အိုရီယမ်တယ် တိုးဂိတ်တွင် ဒီဇင်ဘာ ၇ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သီပေါမြို့ဘက်မှ နောင်ချိုမြို့ဘက်သို့ မောင်းနှင်လာသည့် TOYOTA DYNA အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် ပြောင်းဖူးအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင် လာသည့် ဆာလာအိတ်များအတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၂.၄၄ သန်း သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ် နှင့် ပတ်သက်၍ ယာဉ်မောင်းနှင်လာသူအား ဥပဒေအရအမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။ (Xinhua)

#စိတ်ကြွရူးသွပ်ဆေးပြား #မူးယစ်ဆေးဝါး #နောင်ချို #ဆင်ဟွာ #Xinhua