Connect with us

Politics, Law & Military

ထီစာအုပ်များ ဝယ်လိုအားမြင့်တက်လာသဖြင့် အရန်ထီစာအုပ် ရှစ်သောင်းကျော် ကုန်စင်အောင် ထပ်မံရောင်းချနိုင်ခဲ့

ထီအရောင်းဆိုင်တစ်ဆိုင်တွင် ထီထိုးနေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

၂၃ ကြိမ်မြောက် ကျပ် ၁၀၀၀ တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီစာအုပ်များရောင်းချခဲ့ ရာတွင် ကုန်စင်အောင် ရောင်းချနိုင်ခဲ့သည့်အပြင် ဝယ်လိုအားမြင့်တက်လာသည့်အတွက် အရန်ထီအက္ခရာ “ကဇ” တစ်လုံး ၊ ထီစာအုပ် ၈၁၈၁၈ အုပ်ကိုလည်း ကုန်စင်အောင် ထပ်မံရောင်းချနိုင်ခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနထံမှ သိရသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကျပ် ၁၀၀၀ တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် မူလထီလက်မှတ်များကို “က”အက္ခရာမှ အစဉ်လိုက် “ကဆ’’ထိ စုစုပေါင်း အက္ခရာ (၄၀) လုံး၊ ထီစာအုပ် ၃,၂၇၂,၇၂၀ အုပ် ရောင်းချခဲ့ ရာတွင် ကုန်စင်အောင် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“၂၂ ကြိမ်မြောက်တုန်းက ထုတ်ဝေခဲ့တဲ့ အက္ခရာက အလုံး ၄၀ ၊ အရန်ထီက တစ်လုံး ထုတ်ဝေတယ်။ ဒီတစ်ကြိမ်မှာလည်း အက္ခရာ အလုံး ၄၀ ထုတ်ဝေတယ်။ အရန်ထီ တစ်လုံး ထုတ်ဝေတယ်။ ၂၂ ကြိမ်တုန်းကတော့ အရန်ထီ အကုန်မရောင်းခဲ့ရဘူး ။ ၂၁ ကြိမ်မြောက်တုန်းက အရန်ထီကို မထုတ်နိုင်ခဲ့ဘူး ။ ၂၂ ကြိမ်မြောက်မှာ ပထမဆုံး အရန်ထီထုတ်တာ ။ အရန်ထီ အရောင်းက နည်းနည်း စိမ်းသလို ဖြစ်နေတော့ အဲဒီမှာ အကျန်ဖြစ်တာပေါ့။ အုပ်ရေ သုံးသောင်းကျော်လောက်တော့ ကျန်တာပေါ့ ။ အခု ၂၃ ကြိမ်မြောက်ကတော့ အရန်ထီက ပြီးခဲ့တဲ့လထက် အုပ်ရေ သုံးသောင်းကျော်လောက် ပိုရောင်းရတာပေါ့။ အခုဒီလမှာတော့ အရန်ထီက အကုန်ကုန်သွားတာပေါ့။”ဟု ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင် က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

၂၃ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက်ရောင်းချရသည့် အက္ခရာမှာ အရန်ထီ အပါအဝင် စုစုပေါင်း အက္ခရာ (၄၁) လုံးဖြစ်ကြောင်း ၊ ရောင်းချခဲ့ရသည့် ထီအုပ်ရေမှာ ၃,၃၅၄,၅၃၈ အုပ်ဖြစ်ပြီး ထီလက်မှတ် စောင်ရေမှာ ၃၆,၈၉၉,၉၁၈ စောင်ဖြစ်ကြောင်း သိရသည်။

ထီလက်မှတ်များ ရောင်းချရငွေမှာ ကျပ်သန်း ၃၃,၅၄၅ ဒသမ ၃၈၀ ဖြစ်သဖြင့် ၆၀ ရာခိုင်နှုန်း ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ်သန်း ၂၀,၁၂၇ ဒသမ ၂၂၈ ဖြစ်ကြောင်း သိရသည်။
ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများမှ အထူးဆုကြီးစနစ်တွင် ကျပ်သိန်းတစ်သောင်းငါးထောင် (၁)ဆု၊ ကျပ်သိန်းတစ်သောင်း (၁)ဆု၊ ကျပ်သိန်းငါးထောင် (၂)ဆု၊ ကျပ်သိန်းနှစ်ထောင် (၄)ဆု၊ ကျပ်သိန်းတစ်ထောင်(၆)ဆု ချီးမြှင့်မည်ဖြစ်ကြောင်း၊ ဆုတစ်ဆုချင်းစနစ်တွင် ကျပ်သိန်းငါးရာ (၁၉)ဆု၊ကျပ်သိန်းနှစ်ရာ (၂၁)ဆု၊ကျပ်သိန်းတစ်ရာ (၂၃)ဆု၊ ကျပ်သိန်းငါးဆယ် (၂၃)ဆု၊ ကျပ်သိန်းနှစ်ဆယ် (၂၄)ဆု၊ ကျပ်ဆယ်သိန်း (၂၇) ဆုနှင့် ဝေဝေဆာဆာပဒေသာ ဆုမဲများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင်သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသောဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း ၂၅၀ အား တစ်ဆုချင်းဆုမဲကျပ် ၁၀ သိန်း (၄)ဆုနှင့် ဝေဝေဆာဆာဆုမဲများဖြစ်သည့် ကျပ်၃သိန်း (၂၀)ဆု၊ ကျပ်၂သိန်း (၂၀၀)ဆု၊ ကျပ် ၁ သိန်း (၂၀၀၀)ဆု စုစုပေါင်း ၂၂၂၄ ဆုအားချီးမြှင့်သွားမည်ဖြစ်ကြောင်း သိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117