Connect with us

WORLD

ဗီဇပြောင်း COVID-19 ရောဂါပိုးကြောင့် နိုင်ငံအတွင်း ကပ်ရောဂါအခြေအနေ ထပ်မံဆိုးရွား လာစေနိုင်ကြောင်း ကနေဒါနိုင်ငံသတိပေး

ကနေဒါနိုင်ငံရှိ ပိတ်သိမ်းထားသောဈေးဆိုင်တစ်ခုရှေ့တွင် နှာခေါင်းစည်းတပ်ဆင်ထားသူ တစ်ဦးဖြတ်သန်းသွားစဉ် (ဆင်ဟွာ)

အော့တဝါ ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ အများပြည်သူကျန်းမာရေးဌာနက လတ်တလောကာလတွင် နိုင်ငံအတွင်း COVID-19 ကပ်ရောဂါအခြေအနေ ပြန်လည်ကောင်းမွန်လာခဲ့သော်လည်း ဗီဇပြောင်း COVID-19 ရောဂါပိုး ပျံ့နှံလာမှုကြောင့် ကနေဒါနိုင်ငံအနေဖြင့် မဖြစ်မနေ ပိုမိုတင်းကျပ်သည့် ကပ်ရောဂါကာကွယ်ရေးဆောင်ရွက်မှုများ ပြုလုပ်မှသာလျှင် ကပ်ရောဂါထပ်မံဆိုးရွားလာမှုကို တားဆီးနိုင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။

ကနေဒါနိုင်ငံတွင် လတ်တလောကာလအတွင်း COVID-19 ကပ်ရောဂါအခြေအနေက ဆက်လက်၍ ကောင်းမွန်လာခဲ့ပြီး နေ့စဉ် ရောဂါထပ်မံကူးစက်ခံရသူ ၊ ရောဂါကြောင့်သေဆုံးသူ နှင့် ဆေးရုံတက်ကုသမှုခံယူရသူများ ကျဆင်းလာခဲ့ကြောင်း ၊ နေ့စဉ် COVID-19 ရောဂါထပ်မံကူးစက်ခံရသူဦးရေက ဇန်နဝါရီလ၌ အများဆုံးအဖြစ် တစ်နေ့တည်းတွင် လူပေါင်း ရှစ်ထောင်ကျော် ကူးစက်ခံရသော်လည်း လတ်တလောရက်ပိုင်းတွင် နေ့စဉ်လူပေါင်း သုံးထောင်အောက်သို့ ကျဆင်းလာခဲ့ကြောင်း ၊ တစ်နေ့တည်းတွင် COVID-19 ရောဂါကြောင့် သေဆုံးသူလည်း ဆယ်ဂဏန်းသို့ ကျဆင်းလာခဲ့ကြောင်း သိရှိရသည်။

ကနေဒါနိုင်ငံ အများပြည်သူကျန်းမာရေးဌာနက နိုင်ငံအတွင်းရှိ ပြည်နယ်အားလုံးတွင် ဗီဇပြောင်း COVID-19 ရောဂါပိုး ကူးစက်မှုကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ၊ အဆိုပါရောဂါပိုးက ကူးစက်မှု ပိုမိုလျင်မြန်လာသောကြောင့် ကနေဒါနိုင်ငံအနေဖြင့် ပိုမိုတင်းကျပ်သည့် ကာကွယ်ရေးဆောင်ရွက်မှုများကိုပြုလုပ်ရမည်ဖြစ်ကြောင်း ၊ သို့မဟုတ်ပါက ကနေဒါနိုင်ငံတွင် မတ်လလယ်ပိုင်းအချိန်၌ နေ့စဉ် ရောဂါထပ်မံကူးစက်ခံရသူဦးရေက လူပေါင်း နှစ်သောင်း အထိရောက်ရှိလာနိုင်ဖွယ်ရှိပြီး ကပ်ရောဂါလှိုင်းအသစ် ပြန်လည်ဖြစ်ပေါ်လာစေနိုင်ကြောင်း သတိပေးထုတ်ပြန်ကြေညာခဲ့သည်။ ဖေဖော်ဝါရီ ၁၈ ရက်အချိန်ထိ ကနေဒါနိုင်ငံတွင် ဗီဇပြောင်း COVID-19 ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၇၀၄ ဦးအား စစ်ဆေးတွေ့ရှိခဲ့ပြီး ပြည်နယ် ၅ ခုတွင် ဗီဇပြောင်း COVID-19 ရောဂါပိုးက လူနေမှုအသိုင်းအဝိုင်းအတွင်း ပြန့်ပွားမှုဖြစ်နေသည်ကို တွေ့ရှိခဲ့ရကြောင်းသိရှိရသည်။

ကနေဒါနိုင်ငံဝန်ကြီးချုပ် Justin Trudeau က ဖေဖော်ဝါရီ ၁၉ ရက်၌ ဒေသတွင်းအစိုးရ တို့အား ကပ်ရောဂါကာကွယ်မှုဆိုင်ရာ တားမြစ်ချက်များကို ဆောလျင်စွာ မပယ်ဖျက်ရန် တိုက်တွန်းခဲ့သည်။

၎င်းက ပြည်သူလူထုတို့အား ကနေဒါနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံမှုစတင်ဆောင်ရွက်ခဲ့သော်လည်း ပြည်သူလူထုများအနေဖြင့် ကပ်ရောဂါကာကွယ်မှုများကို ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ သို့မဟုတ်ပါက မိမိတို့အနေဖြင့် ဒုတိယ သို့မဟုတ် ပထမလှိုင်းထက် ပိုမိုဆိုးရွားသော ကပ်ရောဂါ တတိယလှိုင်းကို ရင်ဆိုင်ကြုံတွေ့နိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

ကနေဒါနိုင်ငံတွင် ဖေဖော်ဝါရီ ၂၂ ရက်မှစတင်၍ ပိုမိုတင်းကျပ်သော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တားမြစ်ချက်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ကနေဒါနိုင်ငံသို့ ဝင်ရောက်လာသူများအနေဖြင့် လေဆိပ်တွင် COVID-19 ရောဂါစစ်ဆေးမှုခံယူရမည်ဖြစ်ပြီး အစိုးရ မှ သတ်မှတ်ထားသော ဟိုတယ်တွင် သီးသန့်ခွဲခြား၍ ၃ ရက်နေထိုင်ရမည်ဖြစ်ကြောင်း ၊ COVID-19 ရောဂါစစ်ဆေးမှုအဖြေကို စောင့်ဆိုင်းစဉ်ကာလအတွင်း ကုန်ကျစရိတ်အား မိမိကိုယ်ကိုတာဝန်ယူရမည်ဖြစ်ကြောင်း ၊ စစ်ဆေးမှုအဖြေအရ ရောဂါကူးစက်ခံရမှု မရှိခဲ့ပါက ကနေဒါနိုင်ငံသို့ဝင်ရောက်သူအနေဖြင့် ဟိုတယ်မှ ထွက်ခွာနိုင်သော်လည်း နေအိမ်တွင် သီးသန့်ခွဲခြား၍ ၁၄ ရက်နေထိုင်ရမည်ဖြစ်ကြောင်း ၊ ရောဂါကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါက အစိုးရ မှ သတ်မှတ်ထားသည့် ဆေးရုံတွင် သီးသန့်ခွဲခြား၍ ဆေးဝါးကုသမှုခံယူရမည်ဖြစ်ကြောင်း ၊ ကနေဒါနိုင်ငံသို့ ဝင်ရောက်သည့် နိုင်ငံတကာ လေကြောင်းခရီးစဉ်အားလုံးအနေဖြင့် Toronto ၊ Montreal ၊ Vancouver နှင့် Calgary စသော မြို့ ၄ မြို့ရှိ လေဆိပ်များတွင်သာ ဆင်းသက်ရမည်ဖြစ်ကြောင်း သိရှိရသည်။

ကနေဒါနိုင်ငံ CBC ရုပ်သံလိုင်း၏ ဖော်ပြချက်အရ ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းအချိန်ထိ ကနေဒါနိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်း ၈၃၉,၇၅၁ ဦးရှိခဲ့ပြီး COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၂၁,၅၆၃ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။ (Xinhua)

————————————————–
(Chinese Version)
(国际疫情)加拿大警告变异新冠病毒可能使该国疫情再次恶化
2021-02-20 10:43:51 分类: 医药卫生
  新华社渥太华2月19日电(记者李保东)加拿大公共卫生署19日说,虽然近来该国新冠疫情有所好转,但鉴于变异新冠病毒的传播,加拿大必须采取更严厉的防疫措施,才可能遏制疫情再次恶化。
  近来加拿大新冠疫情继续好转,单日新增确诊、死亡和住院病例数等指标均下降。单日新增病例数在1月份最高时有8000多例,近来已有多日不到3000例。单日新增死亡病例数下降到两位数。
  但加拿大公共卫生署警告,该国所有省份均发现变异新冠病毒感染病例,且传染速度在加快,因此加拿大需要采取更严格的防疫措施,否则到3月中旬可能单日新增2万病例,出现新一轮疫情。截至18日,加拿大共确诊了704例变异新冠病毒感染病例,有5个省还发现了变异新冠病毒的社区传播。
  加拿大总理贾斯廷•特鲁多19日再次呼吁地方政府不要过快放松防疫措施。他说即使开始接种新冠疫苗,加拿大人也要继续防疫,“否则我们可能看到比第二波或第一波更糟糕的第三波疫情”。
  从2月22日起,加拿大对入境者将实施强制检疫隔离措施。入境者须在机场接受新冠病毒检测,然后到政府指定的酒店隔离3天,等待检测结果,所有费用自理;如检测结果阴性,入境者可搭乘交通工具离开,但须在住所继续隔离14天;如结果阳性,入境者将被送往政府指定的医疗机构接受隔离治疗;所有国际航班只能在多伦多、蒙特利尔、温哥华和卡尔加里4个市的机场降落。
  据加拿大电视台报道,截至19日下午,加拿大累计确诊新冠病例839751例,累计死亡病例21563例。(完)

Photo
2月5日,戴口罩的行人从加拿大多伦多一家关闭的店铺前经过。新华社发(邹峥摄)