Connect with us

Asia

အင်ဒိုနီးရှားတွင် ဆူနာမီ သတိပေးချက်ကြောင့် ကမ်းရိုးတန်းနေ ဒေသခံများ အရေးပေါ် ရွှေ့ပြောင်း

မြေငလျင်ပြ မြေပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ၊ မတ် ၂ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက် ကမ်းလွန်ဒေသမြို့တော် ပဒန်း (Padang)တွင် အင်အားပြင်း ငလျင်လှုပ်ခတ် ပြီးနောက် ယင်းဒေသတဝိုက်အား အင်ဒိုနီးရှား အာဏာပိုင်များကဆူနာမီ သတိပေးချက် ထုတ်ပြန်လိုက်ပြီး ဒေသခံများအား ယာယီကယ်ဆယ်ရေး စခန်းများသို့ အလျင်အမြန် ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

အဆိုပါ ငလျင်မှာ ပြင်းအား ၇.၉ ရချ်တာစကေးရှိပြီး မတ်လ ၂ ရက် ဒေသစံတော်ချိန် ည ရး၄၉ နာရီအချိန်၌ ဆူမတြားကျွန်း အနောက်ဘက် ကမ်းရိုးတန်း ၆၈၂ ကီလိုမီတာ အကွာ၊ ပင်လယ်ရေမျက်နှာပြင်အနက် ၁၀ ကီလိုမီတာ နေရာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ငလျင် လှုပ်ခတ်ပြီးနောက် မိနစ် ၂၀ မှ ၃၀ အတွင်း ဆူနာမီလှိုင်းများ ရိုက်ခတ်နိုင်ကြောင်း၊ ကမ်းရိုးတန်းနေ ပြည်သူများ ဆူနာမီဒဏ်မှ လွတ်မြောက်အောင် အလျင်အမြန် ရွေ့ပြောင်းပေးနေရကြောင်း၊ ဆူနာမီလှိုင်းဒဏ် ရှောင်ရန် ပြည်သူများ အတွက် အစိုးရက ထောက်ပံ့ပေးထားသည့် ယာယီကယ်ဆယ်ရေး စခန်းများသို့ ရွှေ့ပြောင်းရန် ယာဉ်များအား ဒေသဆိုင်ရာ အာဏာ ပိုင်များက စီစဉ်ပေးလျက်ရှိကြောင်း ဆူမတြား အနောက်ဘက်ရှိ BNPB ရုံးအရာရှိ ဟာမစ် (Hermis) က ပြောသည်။

လက်ရှိတွင် ဆူနာမီ သတိပေးချက်အား အနောက် ဆူမတြား၊ မြောက်ဆူမတြား၊ lampung, Aceh, Bengkulu စသည့် ဒေသများ၌ ထုတ်ပြန်ထားသည်။
၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က ပြင်းအား ၉.၁ ရှိငလျင်ကြီး လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ဆူနာမီကြောင့် လူ နှစ်သိန်းကျော် သေဆုံးမှုဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံ၌လည်း ဆူနာမီ ဝင်ရောက်ခဲ့ကာ သေဆုံးသူ ၆၀ ကျော် ရှိခဲ့ကြောင်း သိရသည်။

၂၀၁၀ ခုနှစ်တွင်ကလည်း အနောက် ဆူမတြားတွင် ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၄၅၀ ကျော် သေဆုံးမှု ဖြစ်ပွားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117