Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ဝန်ကြီးချုပ်၏ ချီလီနိုင်ငံ ခရီးစဉ်သည် တရုတ်-ချီလီ ဆက်ဆံရေး၏ မှတ်တိုင် အသစ် တစ်ခု ဖြစ်လာမည်

တရုတ် နိုင်ငံတော် ဝန်ကြီးချုပ် လီခဲ့ချန်၏ လက်တင် အမေရိက ခရီစဉ် အတွင်း ဘရာဇီး နိုင်ငံ လေဆိပ် သို့ မေလ ၁၈ ရက်နေ့ က ရောက်ရှိ ခဲ့စဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၉ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ ဆိုင်ရာ ချီလီ သံအမတ်ကြီး Mr. Jorge Heine မှ ဆင်ဟွာ သတင်းဌာန၏ အင်တာဗျူး ဖြေကြားရာတွင် တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် အနေဖြင့် ချီလီ နိုင်ငံ သို့ သွားရောက် လည်ပတ် ခြင်း သည် နှစ်နိုင်ငံ ဆက်ဆံရေး အတွက် စတင်မှတ် အသစ် တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် မေလ ၁၇ ရက်နေ့တွင် ပေကျင်းမြို့မှ စတင် ထွက်ခွာ ခဲ့ပြီး ဘရာဇီး ၊ ကိုလံဘီယာ ၊ ပီရူး နှင့် ချီလီ နိုင်ငံများ အား သွားရောက် လည်ပတ် မည်ဖြစ်သည်။ ဤ လည်ပတ်ရေး ခရီးစဉ်သည် ဝန်ကြီးချုပ် လီခဲ့ချန်၏ ပထမ ဆုံး အကြိမ် လက်တင် အမေရိကနှင့် ကာရေဘီယံ ဒေသသို့ သွားရောက် လည်ပတ်ခြင်း ဖြစ်သည်။
တရုတ် နိုင်ငံ ဆိုင်ရာ ချီလီ သံအမတ်ကြီး Mr. Jorge Heine က တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်၏ ပထမဆုံး အကြိမ် ချီလီ နိုင်ငံသို့ လာရောက် လည်ပတ်ခြင်း ခရီးစဉ်တွင် ချီလီနိုင်ငံ အနေဖြင့် လည်ပတ်မှု အတွင်း သဘောတူညီမှု များစွာ ရရှိ နိုင်ရန် မျှော်လင့်ချက် ကြီးမားစွာ ထားရှိကြောင်း ၊ ၂၀၁၄ ခုနှစ် က တရုတ် သမ္မတ ရှီကျင့်ဖိန်နှင့် ချီလီ သမ္မတ Bachelet တို့ ဆွေးနွေး ပွဲတွင် ရရှိ ခဲ့သည့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှု သဘောတူညီမှုကို အကောင်အထည် ဖော်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်၏ ချီလီ နိုင်ငံ လည်ပတ်ရေး ခရီးစဉ်အတွင်း တရုတ်-ချီလီ နှစ်နိုင်ငံသည် နိုင်ငံရေး ၊ စီးပွားရေး ၊ ဘဏ္ဍာရေး ၊ ယဉ်ကျေးမှု နှင့် နည်းပညာ ဆိုင်ရာ ကဏ္ဍ များတွင် စာချုပ်များ ချုပ်ဆို သွားမည် ဖြစ်ကြောင်း သိရှိရသည်။ ချီလီ နိုင်ငံသည် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံတော် နှင့် သံတမန် ဆက်ဆံရေး ပြုလုပ် သည့် ပထမဆုံး တောင်အမေရိက နိုင်ငံ ဖြစ်သည် ။ ယခုနှစ်သည် တရုတ်-ချီလီ သံတမန် ဆက်ဆံရေး (၄၅) နှစ် ပြည့်သော နှစ်ဖြစ်ပြီး ချီလီ နိုင်ငံ တရုတ် ယဉ်ကျေးမှုနှစ် ဖြစ်သည်။
တရုတ် နိုင်ငံ အကောက်ခွန် ဝန်ကြီးဌာန၏ စာရင်းအရ ၂၀၁၄ ခုနှစ်တွင် တရုတ်-ချီလီ နှစ်နိုင်ငံ ကုန်သွယ်မှု သည် အမေရိကန် ဒေါ်လာ ၃၄.၀၆ ဘီလီယံ ရှိခဲ့ကြောင်း ၊ တရုတ် နိုင်ငံမှ ပို့ကုန် တန်ဖိုးသည် ဒေါ်လာ ၁၃.၀၂ ဘီလီယံ ရှိခဲ့ပြီး သွင်းကုန် တန်ဖိုးသည် ဒေါ်လာ ၂၁.၀၄ ဘီလီယံ ရှိကြောင်း သိရှိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117