Connect with us

Social

ဘတ်စ်ကားများတွင်ဆက်ဆံရေးမပြေပြစ်မှုကြောင့် ၂၀၁၅ခုနှစ်အတွင်း တိုင်ကြားမှုပေါင်း ၂၀၁၀ ရှိ

ရန်ကုန်မြို့ပေါ်ရှိဘတ်စ်ကားများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ဧပြီ၃ရက်(ဆင်ဟွာ)

ရန်ကုန်မြို့တွင် နေ့စဉ် ဘတ် ကားများ အား ခရီးသည်များမှ အားထားနေရပြီး ဘတ်စ်ကားများ ဆက်ဆံရေး မပြေပြစ်မှုကြောင့် ၂၀၁၅ ခုနှစ်တွင် တိုင်ကြားမှု ၂၀၁၀ ရှိပြီး ၊ တိုင်ကြားမှုများ မြင့်တက်လျက်ရှိကြောင်း မ.ထ.သမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

၂၀၁၃ ခုနှစ်တွင် တိုင်ကြားမှု ၃၃၁ မှု၊ ၂၀၁၄ ခုနှစ်တွင် တိုင်ကြားမှု ၂၄၈၅မှုရှိကြောင်း၊ ၂၀၁၄ နှင့်ယှဉ်လျှင် တိုင်ကြားမှု အနည်းငယ်လျော့နည်းသွားသော်လည်း မြင့်တက်နေဆဲဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။

ရန်ကုန်မြို့တွင် မှတ်ပုံတင်ထား သည့် ဘတ်စ်ကားစီးရေ ၇၅၀၀ ရှိကြောင်း၊ ၎င်းထဲတွင် နေ့စဉ်ပုံမှန်ပြေးဆွဲ သည့် စီးရေသည် ၄၅၀၀ ရှိကြောင်း၊ ဆက်ဆံရေးမပြေပြစ်မှုများအား ဖြေရှင်းရန် BRT ကဲ့သို့ ဝန်ဆောင်မှု ကောင်းသည့် အများပိုင်ဘတ်ကား လိုင်းကိုထူထောင်ပြေးဆွဲရခြင်းဖြစ် ကြောင်း၊ BRT ခရီးသည်ပို့ဆောင် ရေးအား ထပ်မံတိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မထသ(ဗဟို) စာရင်းများအရ ရန်ကုန်မြို့ပေါ်တွင် ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းပေါင်း ၃၄၂ လိုင်းရှိ ကြောင်း သိရသည်။ ရန်ကုန်မြို့တွင် နေ့စဉ် ဘတ် ကားများဖြင့် ခရီးသည်ပို့ဆောင်မှု တွင် ပညာရှင်တို့၏ ခန့်မှန်းတွက်ချက် မှုအရ ၂ ဒသမ ၅ သန်းခန့်ရှိပြီးရထားဖြင့် ခရီးသွားလာမှုမှာ လူဦးရေ ၇၅,၀၀၀ မှ တစ်သိန်းခန့်ရှိကြောင်း M.O.I သတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117