Connect with us

Science & Technology

ကမ္ဘာ့သက်ရှိ သိပ္ပံပညာ ညီလာခံအား တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

သက်ရှိ သိပ္ပံပညာအား သရုပ်ဖော်ထားပုံအားတွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ပေကျင်း၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

ကမ္ဘာ့သက်ရှိ သိပ္ပံပညာ ၂၀၁၆ (World Life Sciences Conference 2016 ) ညီလာခံအား နိုဝင်ဘာလတွင် တ ရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ပြီး ကျန်းမာရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် သဘာဝပတ် ဝန်းကျင် စသည့် ကဏ္ဍများအား အဓိကထား ဆွေးနွေးမည် ဖြစ်ကြောင်း ပွဲစီစဉ်သူက ဧပြီလ ၂၄ ရက်က ပြော သည်။

အဆိုပါ ညီလာခံအား တရုတ်နိုင်ငံ သိပ္ပံနှင့် နည်းပညာ အသင်းက ကမကထပြု ကျင်းပခြင်းဖြစ်ပြီး ကမ္ဘာ တစ်ဝန်းက ဟောပြောသူ ၄၀၀ ကျော်က လတ်တလော ၎င်းတို့ သုတေသနပြုထားသည်များအား ဆွေးနွေး ကြမည် ဖြစ်ပြီး ပါဝင်မည့်သူ များကလည်း ဆွေးနွေးပွဲများသို့ တက်ရောက်နိုင်မည် ဖြစ်ကြောင်း အဆိုပါ ညီလာခံ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ Rio Zihe က ပြောသည်။

ယင်းညီလာခံ၌ ၂၀၁၅ ခုနှစ်အတွင်း သက်ရှိ သိပ္ပံပညာတွင် တရုတ်နိုင်ငံ၏ အဓိက အောင်မြင်မှုများအား ပြသ သွားရန်ရှိသလို နိုဘယ်လ်ဆုရှင် ၁၃ ဦးလည်း တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117