Connect with us

Science & Technology

တရုတ် ဂန္တဝင်စာပေများ WeChat တွင် ဖတ်ကြားနိုင်ပြီ

WeChat အသုံးပြုနေသူ တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ပေကျင်း၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

မိုဘိုင်းဖုန်း အသုံးပြုသူများ အနေဖြင့် တရုတ် ဂန ္တဝင်စာပေများ စုစည်းမှုအား ကမ္ဘာ့စာအုပ်နေ့ ဖြစ်သည့် ဧပြီ လ ၂၃ ရက် ကစတင်ကာ WeChat မှတဆင့် ဖတ်ရှုနိုင်ပြီ ဖြစ်သည်။

“Twenty-five Histories” “A General Mirror for Governing the World” စာအုပ်များ အပါအဝင် စာပေနှင့် သမိုင်းကြောင်း စာပေပေါင်း ၃၀၀ ကျော်စုစည်းကာ Zhonghua စာအုပ် ကုမ္ပဏီက စီစဉ်လိုက်ခြင်း ဖြစ်သည်။

WeChat သည် တရုတ်နိုင်ငံတွင် လူသုံးအများဆုံး စာပို့ အက်ပလီကေးရှင်း တစ်ခုဖြစ်ပြီး သုံးစွဲသူပေါင်း သန်း ၅၀၀ ကျော်ရှိကြောင်း သိရသည်။

ဧပြီလ ၁၉ ရက်တွင် တရုတ်နိုင်ငံ သတင်းနှင့် ထုတ်ဝေရေးအဖွဲ့က ထုတ်ပြန်သည့် သုတေသန စစ်တမ်းအရ ၂၀၁၅ ခုနှစ်အတွင်း တရုတ်လူမျိုး ၆၀ ရာခိုင်နှုန်းသည် မိုဘိုင်းဖုန်းဖြင့်သာ စာဖတ်လေ့ရှိပြီး ထိုအရေအ တွက်မှာ ၂၀၁၄ ခုနှစ်ကထက် ၈.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117