Connect with us

Europe

F-22 တိုက်ခိုက်ရေး လေယာဉ် နှစ်စင်း ရိုမေးနီးယားသို့ အမေရိကန် ပို့လွှတ်

F-22 တိုက်ခိုက်ရေး လေယာဉ် နှစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဘူခါရက်စ်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

အမေရိကန် လေတပ်က ပို့လွှတ်လိုက်သည့် F-22 တိုက်ခိုက်ရေး လေယာဉ် နှစ်စင်းသည် ရိုမေးနီးယား နိုင်ငံ အရှေ့တောင်ပိုင်း ပင်လယ်နက် ဆိပ်ကမ်းမြို့ဖြစ်သော Constanta ရှိ လေတပ် အခြေစိုက် စခန်းသို့ ဧပြီလ ၂၅ ရက်က ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပဉ္စမ မျိုးဆက် တိုက်ခိုက်ရေး လေယာဉ်များသည် နေတိုး (NATO) ၏ လုံခြုံရေး စုစည်းမှုနှင့် ဒေသ ဆိုင်ရာ တည်ငြိမ်ရေး၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သော Atlantic Resolve စစ်ဆင်ရေးအတွင်း ရိုမေးနီး ယားတွင် ပထမဆုံး အကြိမ်အဖြစ် ရောက်ရှိနေခြင်း ဖြစ်သည်။

“F-22 တိုက်ခိုက်ရေး လေယာဉ်များမှာ ဒီမှာ ဒီနေ့ တစ်နေ့ထဲသာ ရှိနေမှာ ဖြစ်ပေမဲ့ လာမယ့် လအနည်းငယ် အထိ ဥရောပတွင်းမှာ ရှိနေဦးမှာပါ” ဟု အမေရိကန် တတိယမြောက် လေတပ် တပ်မှူး ဒုတိယ ဗိုလ်ချုပ်ကြီး တီမိုသီ ရေးက ဧပြီလ ၂၅ ရက်တွင် လေတပ် အခြေစိုက်စခန်း၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရိုမေးနီးယားတွင် F-22 တိုက်ခိုက်ရေး လေယာဉ်များ ရောက်ရှိနေခြင်းမှာ နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် မိတ်ဖက် ဆောင်ရွက်မှု အဆင့်အား ပြသရာ ရောက်သလို နေတိုး လေတပ် အင်အားများ၏ စစ်ဆင်ရေး ဆိုင်ရာ စွမ်းရည် မြင့်တက်လာမှုအား ပြသရာလည်း ရောက်ကြောင်း ရိုမေးနီးယား၏ စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ်ကြီး နီကိုလီ ချုကာက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.