Connect with us

Europe

ဟန်နိုဗာပြပွဲတွင် 4.0 နည်းပညာသုံး စက်မှုလုပ်ငန်းများ ပြသ

ဟန်နိုဗာ ကုန်သွယ်မှုပြပွဲ ဖွင့်ပွဲ အခမ်းအနားသို့ ဂျာမနီ နိုင်ငံ ဝန်ကြီးချုပ် အန်ဂျလာ မာကဲနှင့် အမေရိကန် နိုင်ငံ သမ္မတ ဘားရတ် အိုဘားမားတို့ တက်ရောက်ကြစဉ် (ဆင်ဟွာ)

ဟန်နိုဗာ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

စက်မှုဆိုင်ရာ နည်းပညာများ ပြသသည့် ကမ္ဘာ့ထိပ်တန်း ကုန်သွယ်မှု ပြပွဲ တစ်ခုဖြစ်သော ဟန်နိုဗာ ပြပွဲ (Hanover Fair) အား ဧပြီလ ၂၅ ရက်၌ ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့တွင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ယခုနှစ်ပြပွဲ၌ Smart Robot နှင့် ထုတ်လုပ်ရေး လုပ်ငန်းသုံး စက်ပစ္စည်းများ ပါဝင်သည့် 4.0 နည်းပညာသုံး စက်မှုလုပ်ငန်းများ ၁၀၀ ကျော် ပြသထားကြောင်း အဆိုပါ ပြပွဲစီစဉ်သူက ထုတ်ပြန်ထားသည့် သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံပေါင်း ၇၀ ကျော်က ပြခန်းပေါင်း ၅,၂၀၀ ကျော် ပါဝင် ပြသသွားမည် ဖြစ်ပြီး အိမ်ရှင် ဂျာမနီနိုင်ငံ ပြီးလျှင် တရုတ်နိုင်ငံမှာ ပြခန်း ဒုတိယအများဆုံး ခင်းကျင်း ပြသသောနိုင်ငံ ဖြစ်သည်။

၂၀၁၆ ခုနှစ် ဟန်နိုဗာ ပြပွဲ၏ ဆောင်ပုဒ်မှာ စက်မှု လုပ်ငန်းများ ပေါင်းစည်းကာ အဖြေရှာခြင်း၊ “ Integrated Industry—Discover Solutions” ဖြစ်ပြီး ယခုနှစ်အတွက် ပြပွဲ ဖြစ်မြောက်ရေး မိတ်ဖက် နိုင်ငံမှာ အမေရိကန် နိုင်ငံ ဖြစ်ကြောင်း သိရသည်။ ထိုပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဧပြီလ ၂၄ ရက်က အမေရိကန် နိုင်ငံ သမ္မတ ဘားရတ် အိုဘားမားနှင့် ဂျာမနီ နိုင်ငံ ဝန်ကြီးချုပ် အန်ဂျလာ မာကဲတို့ တက်ရောက်ခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117